ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ချန်ပီယံလိဂ် ကွာတားတက်သည့် အက်သလက်တီကို (ရုပ်သံဟိုက်လိုက်)

1.9K
ချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ စပိန် လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းက နယ်သာလန်ကလပ် ပီအက်စ်ဗွီအိုင်ဟိုဗန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ် ၈ ဂိုး ၇ ဂိုးနဲ့ အနိုင်ရပြီး ကွားတာဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဒီပွဲမှာ အက်သလက်တီကိုက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့် ၂၆ ကြိမ်အထိ ရရှိခဲ့ပေမယ့် ဂိုးရရှိခဲ့ခြင်း မရှိပါဘူး။
ပွဲကစားချိန်တွင်းမှာ ဂိုးမသွင်းယူနိုင်သလို ပထမအကျော့မှာလည်း ဂိုးမရှိ သရေကျထားတဲ့အတွက် ကွာတားဖိုင်နယ်တက်ရောက်ဖို့ ပယ်နယ်တီအဆုံးအဖြတ် ရယူခဲ့ပါတယ်။
ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ အက်သလက်တီကိုက အနိုင်ရရှိပြီး ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။
အက်သလက်တီကိုဟာ စပိန်လာလီဂါ ပွဲစဉ်တွေမှာ သွင်းဂိုးများပေမယ့် ချန်ပီယံလိဂ်မှာတော့ ဂိုးရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ် ၁၇ ပွဲမှာ ၁၃ ပွဲအထိ ပေးဂိုး မရှိသေးပါဘူး။