DVB Logo
Home
မြန်မာသတင်း
HIV ပိုး​ပမာဏကို မစစ်​ဆေး​ဘဲ ARV ​ဆေး​ ​သောက်ခိုင်း
DVB
·
August 10, 2011
HIV ပိုး​ပမာဏကို မစစ်​ဆေး​ဘဲ ARV ​ဆေး​ ​သောက်ခိုင်း
Donate to DVB

HIV ဆိုတာနဲ့​ ​သွေး​စစ်တာ၊​ ​သွေး​ထဲပါဝင်တဲ့​ ပိုး​ပမာဏ ဘယ်​လောက်ရှိလဲ ဆိုတာ​တွေ မစစ်​ဘဲ ARV​ ဆေး​​သောက်ခိုင်း​တဲ့​ ဆရာဝန်တချို့​ ရှိ​နေတယ်လို့​ သိရပါတယ်။

အခုလိုမျိုး​လုပ်တာ နယ်ဘက်က ပြင်ပ​ဆေး​ခန်း​ထိုင်တဲ့​ ဆရာဝန်​တွေများ​တယ်လို့​ HIV နှစ်သိမ့်​ဆွေး​နွေး​ ပညာ​ပေး​နေတဲ့​ HIV Hotline Initiative Group ရဲ့​ တာဝန်ခံ ကိုဝဏ္ဏက ​ပြောပါတယ်။

“အဓိက ကျ​နော်တို့​ဆီကို​ရောက်လာတဲ့​ နယ်ဘက်က​ဆေး​ခန်း​တွေ​ပေါ့​။ အမျိုး​သား​ HIV Positive ဆိုတာနဲ့​ မိန်း​မကိုမစစ်​တော့​ဘဲနဲ့​ သူတို့​ARV ​ဆေး​ တန်း​ပြီး​တော့​ ​သောက်ခိုင်း​လိုက်တယ်။ တချို့​ လူနာ​တွေဆိုလည်း​ ​သွေး​ထဲပါဝင်တဲ့​ စီပိုး​ပမာဏကို မစစ်​တော့​ဘဲ တန်း​ပြီး​တော့​ ​သောက်ခိုင်း​လိုက်တယ်။ အဲ့​ဒါမျိုး​တွေက ကျ​နော်တို့​ဆီ ​ရောက်​ရောက်လာတဲ့​ထဲမှာ​တွေ့​ရတယ်။ အဲ့​ဒီ့​တော့​ လူနာ​တွေဘက်က အရမ်း​ကို နစ်နာတယ်​ပေါ့​နော်။”

ARV ​ဆေး​ဆိုတာ အင်မတန်​ဈေး​ကြီး​တယ်မဟုတ်လား​။ အဲဒီလိုအလွယ်တကူ ​သောက်ခိုင်း​လိုက်​တော့​ လူနာရှင်​တွေဘက်က ​သောက်တာပဲလား​၊​ သူတို့​ကဘယ်လို​သောက်လဲ။

“ကျ​နော်တို့​ ကိုယ်တိုင်ကလည်း​ ဘာပဲဖြစ်ဖြစ် ဖြစ်ပြီဆိုကတည်း​က ​ပျောက်ချင်ကြတယ်​လေ။ ​ပျောက်ချင်တဲ့​ဇောနဲ့​ ကိုယ့်​မှာရှိတာ မရှိတာအပထား​ ​လော​လောဆယ်ဝယ်​သောက်လိုက်ကြတယ်။ ​နောက်ပိုင်း​သာ သူတို့​သောက်နိုင် မ​သောက်နိုင်ဆိုတာ အဲ့​ဒါသူတို့​ မစဉ်း​စား​ဘူး​။ ​လော​လောဆယ်​တော့​ သူတို့​ ဘာပဲဖြစ်ဖြစ် ​သောက်ခိုင်း​လိုက်တယ်ဆိုကတည်း​က သူတို့​ဝယ်​သောက်ကြတယ်။”

နောက်တခုက သူတို့​က ဘယ်လို​ကြောင့်​ ဆုံး​ဖြတ်ပြီး​ အဲ့​လိုဖြစ်တယ်လို့​ ကိုဝဏ္ဏ မြင်လဲဗျ။

“ကျ​နော့်​ရဲ့​ အထင်က​တော့​ ​ဆေး​ကုမ္ပဏီ​တွေက သူတို့​ရဲ့​ဆေး​ကြော်ငြာ ​တွေဝင်တယ်။ သူတို့​ရဲ့​ ​ဆေး​တွေဖြုန်း​ပေး​ဖို့​။ အဲ့​လိုမျိုး​တွေ ထင်တဲ့​အခါကျ​တော့​ Positive ဖြစ်တာနဲ့​ ဒီ​ဆေး​ကို ​သောက်ခိုင်း​လိုက်တာပဲ။ဒီ ARV​ဆေး​ရဲ့​ ကုထုံး​ကိုလည်း​ သူတို့​ ​ကောင်း​ကောင်း​မွန်မွန်နဲ့​ ကျယ်ကျယ်ပြန့်​ပြန့်​ သိပုံမရဘူး​။ ဒီ​ဆေး​ကို right time ​သောက်ရမယ်ဆိုတာလည်း​ သူတို့​မ​ပြောဘူး​။ လူနာကို တ​နေ့​ နှစ်ကြိမ်​သောက်ဆိုပြီး​ အဲ့​လိုပဲ​ပေး​လိုက်တာပဲ။ ဒီနစ်နာမှုဖြစ်တယ်ဆိုတာက right time မဖြစ်တဲ့​အတွက် ဒီ​ဆေး​ရဲ့​ ယဉ်ပါး​မှု​တွေဖြစ်လာပြီး​ ​နောက်​ဆေး​တမျိုး​ ထပ်​ပြောင်း​ ရမယ်ဆိုတာမျိုး​တွေ ဖြစ်လာနိုင်တယ်။”

ဆရာဝန်​တွေရဲ့​အား​နည်း​ချက်​ကြောင့်​ ဒီလို​ဆေး​တွေ မလိုအပ်ဘဲ ​ဆေး​တွေတိုက်တဲ့​အခါ ဖြစ်လာနိုင်တဲ့​ အကျိုး​ဆက် ကိုဝဏ္ဏတို့​ ​တွေ့​မြင်​နေရသ​လောက် ဘယ်​လောက် အန္တရာယ်ကြီး​သလဲ။

“ဥပမာ သက်တမ်း​ပြည့်​ ​နေရမယ့်​ လူတ​ယောက်က ၄၊​ ၅၊​ ၁၀ နှစ်​လောက်နဲ့​ သူရဲ့​ ​ဆေး​မတိုး​မှု​တွေ ရသွား​ပြီး​တော့​ ဆုံး​ရှုံး​နစ်နာမှု​တွေ ဖြစ်သွား​နိုင်တာ​ပေါ့​နော်။ အမှန်မှန်ဆို ဒီလူတ​ယောက်က ပုံမှန်ဆို ဒီ​ဆေး​နဲ့​ သက်တမ်း​ပြည့်​ ​နေသွား​လို့​ရတဲ့​အခါမှာ ဒီ​ဆေး​ကို ရှင်း​ပြမှုမရှိဘူး​၊​ ဒီ​ဆေး​ကို right time တ​နေ့​ကို နှစ်ကြိမ်​လောက် ​သောက်လို့​တော့​ သူတို့​ပြောလိုက်တယ်။ ဒါ​ပေမယ့်​ ဒီလူဟာ နိုး​တဲ့​အချိန်​သောက်တယ် သတိရတဲ့​ အချိန်​သောက်တယ်။ အဲ့​ချိန်ကျ​တော့​ ဒီ​ဆေး​က ​ဆေး​မတိုး​မှု​တွေ ဖြစ်သွား​တာ​ပေါ့​နော်။ ​ဆေး​မတိုး​တော့​တဲ့​အခါမှာ ​နောက်​ဆေး​တမျိုး​ကိုတင်တဲ့​အခါမှာ ​ဈေး​ကြီး​မှုလည်း​တွေ့​ရမယ်၊​ သူ့​အတွက်လည်း​ ဆုံး​ရှုံး​နစ်နာမှု​တွေ အများ​ကြီး​ဖြစ်သွား​တာ​ပေါ့​။ သက်တမ်း​ကအစ အဲ့​လိုဖြစ်သွား​နိုင်တာ​ပေါ့​။”

ဝေဒနာသည်ရဲ့​ သက်တမ်း​ ပိုတို​တောင်း​သွား​နိုင်တာ​ပေါ့​နော်။

“ဟုတ်ပါတယ်”

ဒီလိုမျိုး​တွေ ဖြစ်​နေတာက ဘယ်လိုအ​ဖြေရှာကြရင် ​ကောင်း​မလဲ။ ကိုဝဏ္ဏတို့​က လက်​တွေ့​မှာ ကွင်း​ဆင်း​လုပ်​နေတဲ့​ သူ​တွေဆို​တော့​ နည်း​နည်း​လောက်​ပြောပြပါလား​။

“အဓိကက​တော့​ အ​ထွေ​ထွေ​ရောဂါကု​ဆေး​ခန်း​ ဖွင့်​ထား​တဲ့​ ​ဆေး​ခန်း​ ဆရာဝန်​တွေကို HIV/AIDS နား​လည်တတ်ကျွမ်း​တဲ့​ ဆရာဝန်ကြီး​တွေက​နေပြီး​တော့​ သင်တန်း​ပေါ့​နော်။ အဲ့​လိုမျိုး​လေး​တွေ လုပ်မယ်ဆိုရင်​တော့​ အရမ်း​ကို အဆင်​ပြေမယ်လို့​ ကျ​နော်တို့​က ထင်တယ်​လေ။ ARV နဲ့​ ပတ်သက်တဲ့​ သင်တန်း​လေး​တွေ ​ခေါ်​ပေး​ပြီး​တော့​မှ ​သေ​သေချာချာ တိတိကျကျ​လေး​ ကုထုံး​လေး​တွေမှန်ကန်​အောင် လုပ်​ပေး​လိုက်ရင်​တော့​ အရမ်း​အဆင်​ပြေသွား​မယ်လို့​ ကျ​နော်တို့​က ထင်တယ်။”

ရန်ကုန်က အစိုး​ရ​ဆေး​ရုံနှစ်ရုံမှာ ARV ​ဆေး​ တိုက်​ကျွေး​နေ​ပေမယ့်​ ​ဆေး​မလုံ​လောက်တာ​ကြောင့်​ အလှည့်​ကျ​စောင့်​ရတယ်လို့​ ဆိုပါတယ်။

ပြင်ပမှာဝယ်​သောက်ရင် ပထမအဆင့်​ဆေး​ တလစာကို ​ဆေး​အမျိုး​အစား​ပေါ် မူတည်ပြီး​ ကျပ်သုံး​သောင်း​က​နေ ကျပ်ခုနှစ်​သောင်း​ထိ ​ပေး​ရပြီး​ ဒုတိယအဆင့်​ ​သောက်ရတဲ့​ဆေး​က တလစာကို ကျပ်နှစ်သိန်း​လောက်ထိ ​ပေး​ဝယ်​သောက်ရတယ်လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013