ဦးထင်ကျော် မြန်မာနိုင်ငံသမ္မတ ဖြစ်ပြီ

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲအစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ကျင်းပရာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးထင်ကျော်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတရွေးပွဲကို ဒီနက် ၁၀ နာရီက စတင်ပြီး မဲရေတွက်နေစဉ်မှာ  မဲအရေအတွက် ၃၆၀ မဲနဲ့ မြန်မာနိုင်ငံတော် သမ္မတ နေရာကို ဦးထင်ကျော်က ရှိသွားပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းတဲ့ ဦးမြင့်ဆွေကတော့ မဲအရေအတွက် ၂၁၃ မဲနဲ့ ဒုသမ္မတ ၁ နေရာရရှိသွားပြီး ဦးဟင်နရီ ဗန်ထီးယူ ကတော့  မဲအရေအတွက် ၇၉ မဲနဲ့ ဒုသမ္မတ ၂ နေရာ ရှိသွားပါတယ်။

More News
Up