A d v e r t i s e m e n t With Us

စိုက်ပျိုး​စရိတ်​ချေး​ငွေ မဆပ်နိုင်သဖြင့်​ လယ်သမား​များ​ ဖမ်း​ဆီးခံရ

ဧရာဝတီတိုင်း​ ​ဒေး​ဒရဲမြို့​နယ်အတွင်း​ရှိ ​ကျေး​ရွာ​တွေက လယ်သမား​တွေ ဦး​ပိုင်ကုမ္ပဏီလီမိတက်က ထုတ်​ချေး​ခဲ့​တဲ့​ စိုက်ပျိုး​စရိတ်​ချေး​ငွေ​တွေကို ပြန်မဆပ်နိုင်တာ​ကြောင့်​ ရာနဲ့​ချီပြီး​ ဖမ်း​ဆီး​ခံ​နေရကြရပါတယ်။ ပြီး​ခဲ့​တဲ့​နှစ် စိုက်ပျိုး​ရာသီက တဧကကို ကျပ်​ငွေ ငါး​သောင်း​နှုန်း​နဲ့​ မြန်မာ့​စီး​ပွား​ရေး​ ဦး​ပိုင်ကုမ္ပဏီလီမိတက်က စိုက်ပျိုး​စရိတ်​ချေး​ငွေ ချ​ပေး​ခဲ့​တာပါ။ ဒါ​ပေမယ့်​လည်း​ ရာသီဥတု​ဖောက်ပြန်မှု​တွေ​ကြောင့်​ လယ်​တွေပျက်စီး​မှု​တွေဖြစ်ပွား​ခဲ့​ပြီး​ လယ်သမား​တွေ စပါး​လည်း​ မသွင်း​နိုင်၊​ ​ချေး​ငွေ မဆပ်နိုင်ဖြစ်ခဲ့​ကြတာပါ။ ဒီအ​ခြေအ​နေမှာ ဦး​ပိုင်ကုမ္ပဏီလီမိတက်က တာဝန်ရှိသူ​တွေက လယ်သမား​တွေကို ​ဒေး​ဒရဲမြို့​က တန် ၁၀၀ ဆန်စက်ကို​ခေါ်ယူ ဖမ်း​ဆီး​ပြီး​ ​ချေး​ငွေကို အတင်း​အကျပ် ပြန်လည်​တောင်း​ယူ​နေတာလည်း​ ဖြစ်ပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ ဖမ်း​ဆီး​ခံခဲ့​ရတဲ့​ လယ်သမား​တဦး​က အခုလို​ပြောပြပါတယ်။ “ကျ​နော်က ​ဒေး​ဒရဲမြို့​နယ် ကုလား​ကုန်း​တန်း​ ​ကျေး​ရွာကပါ။ ဦး​ပိုင်လီမိတက်က ​ငွေ​ချေး​ထား​ပါတယ်။ အဲဒီ​ငွေကို ပြန်မဆပ်နိုင်တဲ့​အတွက် ကျ​နော်တို့​ကို တန်တရာ ဆန်စက်ကို ဗိုလ်ကြီး​မြင့်​သန်း​အောင်က ​ခေါ်လို့​ သွား​ပါတယ်။ သွား​တဲ့​အခါကျ​တော့​ ဟိုကျ​တော့​ ဘာမှအစစ်အ​ဆေး​ အ​မေး​အမြန်း​ မလုပ်ဘဲနဲ့​ ပိုက်ဆံပြန်မဆပ်နိုင်ရင် ဂို​ဒေါင်ထဲတန်း​ဝင်ဆိုပြီး​ ဆန်​တွေ၊​ ဖွဲ​တွေ ​လှောင်တဲ့​ ဂို​ဒေါင်ထဲမှာ ​လှောင်ထား​ပါတယ်။ ​လှောင်ထား​တော့​ ပိုက်ဆံ​ပေး​တဲ့​လူ​တွေ​တော့​ ထွက်လာတာ​ပေါ့​။ မ​ပေး​နိုင်တဲ့​လူ​တွေ ​တော်​တော်များ​များ​ ကျန်​နေ​သေး​တယ်။ အား​လုံး​လူ​ပေါင်း​က​တော့​ ​ယောကျာ်း​မိန်း​မ ၁၀၀ ​ကျော်​လောက်ရှိတယ်။ ကျ​နော်က​တော့​ သား​နဲ့​ချိန်း​ပြီး​ အခု​လော​လောဆယ် ​ငွေရှာဖို့​ ဆိုပြီး​ ကျ​နော်ထွက်လာခဲ့​တာပါ။” အခြား​ဖမ်း​ဆီး​ခံ လယ်သမား​တဦး​က​တော့​ စိုက်ပျိုး​စရိတ်​ချေး​ငွေ​တွေကို လာမယ့်​ စပါး​ပေါ်မယ့်​ ရာသီမှာ ပြန်ဆပ်လိုတယ်လို့​ ​တောင်း​ဆိုထား​ပြီး​ လက်ရှိကြုံ​တွေ့​နေရတဲ့​ အ​ခြေအ​နေ​တွေကိုလည်း​ သူက အခုလို ရှင်း​ပြထား​ပါတယ်။ “ကျ​နော်တို့​က မိုး​တွင်း​ရာသီမှာ လယ်ကြဲတယ်၊​ ကြဲ​တော့​ ကျ​နော်တို့​က တခါလည်း​မရ၊​ နှစ်ခါလည်း​ မရဆို​တော့​ မရှိ ရှိတာ​တွေ​ပေါ့​ဗျာ၊​ မရှိ ရှိတာ​တွေဆိုတာ ကျ​နော်တို့​ လယ်ထွန်စက်​တွေ ဘာ​တွေ​ရောင်း​ရတယ်မဖြစ်မ​နေ၊​ ကျ​နော်တို့​မှာရှိတဲ့​ ကျွဲ၊​ နွား​တွေ​ရောင်း​ရတယ်။ ​ရောင်း​ပြီး​မဖြစ်မ​နေ ​ပေး​ဆပ်ရတယ်။ ကျ​နော်တို့​ စိုက်ပျိုး​စရိတ်အတွက်ထား​တဲ့​ ​ငွေ​ကြေး​ပါ မထား​ရဲဘူး​ပေါ့​ဗျာ၊​ အဲ​တော့​ ကျ​နော်တို့​ ဒီထဲက လွတ်​မြောက်​ရေး​ရယ်။ ကျ​နော်တို့​ ​ရှေ့​ဆက်ဘာလုပ်ရမလည်း​ ဆိုတဲ့​အ​ခြေအ​နေမျိုး​တွေ ​ပေး​ဖို့​အတွက်ကို ခုချိန်ထိ​ရောက်တယ်၊​ ဘာ​တွေဆက်လုပ်ဖို့​စဉ်း​စား​လဲ ဆက်လုပ်ဖို့​ဆိုတာက ကျ​နော်တို့​ လယ်သမား​တွေက ဘာနား​လည်မှာလည်း​ဗျာ။ ကျ​နော်တို့​က​တော့​ လာမယ့်​ ​ပေါ်ဦး​ချိန်မှာ ​ပေး​ဖို့​ရယ်၊​ မ​ပေး​နိုင်တဲ့​ အ​ခြေအ​နေမျိုး​ရယ်​ပေါ့​။ ဒါပဲကျ​နော်တို့​သိထား​တာ​ပေါ့​ဗျာ။” ဒီလို ​ချေး​ငွေမဆပ်နိုင်တဲ့​ လယ်သမား​တွေကို ဖမ်း​ဆီး​ချုပ်​နှောင်ခဲ့​တာ​တွေနဲ့​ပတ်သက်ပြီး​တော့​လည်း​ ဥပ​ဒေရ​ဆောင်ရွက်ဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​တောင်သူ လယ်သမား​ကွန်ရက်နဲ့​ ဥပ​ဒေအ​ထောက်အကူပြုအဖွဲ့​တွေက ကူညီ​ဆောင်ရွက်​ပေး​ဖို့​ရှိ​နေတယ်လို့​ အဖွဲ့​ချုပ်ရဲ့​ လူမှုအ​ထောက်အကူပြုအဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ “အဲ့​ဒါကို ကျ​နော်တို့​ ဥပ​ဒေ အကျိုး​ဆောင်အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​နဲ့​ ​ပေး​တွေ့​လိုက်တယ်။ ဦး​ဥာဏ်ဝင်း​က ဒါကမတရား​ချုပ်​နှောင်တာတဲ့​ မတရား​ချုပ်​နှောင်တာလို့​ သတ်မှတ်တယ်။ အဲ့​တော့​ သူတို့​ကလည်း​ သက်ဆိုင်ရာကို ​ပြောမယ်တဲ့​။ သူတို့​တိုင်ကြား​တဲ့​အတိုင်း​ လက်ခံထား​လိုက်မယ်လို့​ သူ​ပြောတယ်။”

A d v e r t i s e m e n t With Us

More News
Up