Sunday, May 28, 2023
HomeLead Story၈ မိုင်ကုန်းကျော်တံတား စတင်ဖြတ်သန်းခွင့်ပေး

၈ မိုင်ကုန်းကျော်တံတား စတင်ဖြတ်သန်းခွင့်ပေး

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာ တည်ဆောက်နေတဲ့ ၈ မိုင်ကုန်းကျော် တံတားကို ဒီနေ့ မနက်ပိုင်းမှာ စတင်ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။

ငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံကုန်ကျခံတည်ဆောက်ခဲ့တဲ့   ၈ မိုင်ကုန်းကျော်တံတားကို  ၇ လနဲ့ အပြီးဆောက်ဖို့ လျာထားပေမယ့် ၆ လခွဲနဲ့ အပြီးဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တံတားဖွင့်ပွဲကိုတော့မတ်လ ၂၃ ရက်နေ့ တပေါင်းလပြည့်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဖွင့်ပွဲလုပ်ဖို့ ပြင်ဆင်ဖို့အတွက် မတ်လ ၂၀ ရက်နေ့မှာ ခေတ္တပြန်ပိတ်ထားမှာ ဖြစ်ပါတယ်။

၈ မိုင်ကုန်းကျော်တံတားကို Crown Advanced Construction Company က တာဝန်ယူ တည်ဆောက်ပေးပါတယ်။ ရန်ကုန်မြို့တွင်းမှာ လှည်းတန်း၊ မြေနီကုန်း၊ ရွှေဂုံတိုင် ကုန်းကျော် တံတားနဲ့ ဘုရင့်နောင်ကုန်းကျော်တံတားတွေကို တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိမှာ တာမွေ ကုန်းကျော်တံတားကတော့ ဆောက်လုပ်နေဆဲဖြစ်ပါတယ်။ (ဓာတ်ပုံ – နွယ်လေး)

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular