Sunday, May 28, 2023
HomeLead Storyတောင်တွင်းကြီး-ပျဉ်းမနား မီးရထားဘီးလမ်းချော်မှု ဖြစ်ပွား

တောင်တွင်းကြီး-ပျဉ်းမနား မီးရထားဘီးလမ်းချော်မှု ဖြစ်ပွား

တောင်တွင်းကြီးကနေ ပျဉ်းမနားကို ထွက်ခွာလာတဲ့  ၁၀၄ အစုန် လူစီးလော်ကယ်မီးရထားဟာ မတ်လ ၁၂ ရက်နေ့က ရထားဘီးလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာမှာရှိတဲ့ အိုးပေါက်ဘူတာရုံအဝင်မှာ ရထားဘီး လမ်းချော်မှုဖြစ်ပွားခဲ့တာပါ။ အဲဒီ ဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူတွေ ထိခိုက်ဒဏ်ရရှိမှု မရှိဘူးလို့ သိရပါတယ်။

ရထားဘီးလမ်းချော်မှုကို ပြန်လည်ပြင်ဆင်တာ  ၉ နာရီကြာမြင့်ပြီး တောင်တွင်းကြီး-ပျဉ်မနား မီးရထားလမ်းပိုင်းပေါ်မှာ တခြား ပြေးဆွဲနေတဲ့ ရထားတွေ အချိန်ကြန့်ကြာခဲ့တယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။ သတင်းဓာတ်ပုံ – သားကြီး (တောင်တွင်းကြီး)

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular