Home
သတင်းဓာတ်ပုံ
တောင်တွင်းကြီး-ပျဉ်းမနား မီးရထားဘီးလမ်းချော်မှု ဖြစ်ပွား
DVB
·
March 15, 2016
12814802_1712428658978403_597269435959834918_n
1930591_1712428425645093_5175897792722115655_n
1909694_1712428495645086_4090880982182486482_n
1461848_1712428325645103_3463860306847732635_n
577426_1712428382311764_4891962245014493950_n
တောင်တွင်းကြီးကနေ ပျဉ်းမနားကို ထွက်ခွာလာတဲ့  ၁၀၄ အစုန် လူစီးလော်ကယ်မီးရထားဟာ မတ်လ ၁၂ ရက်နေ့က ရထားဘီးလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာမှာရှိတဲ့ အိုးပေါက်ဘူတာရုံအဝင်မှာ ရထားဘီး လမ်းချော်မှုဖြစ်ပွားခဲ့တာပါ။ အဲဒီ ဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူတွေ ထိခိုက်ဒဏ်ရရှိမှု မရှိဘူးလို့ သိရပါတယ်။ ရထားဘီးလမ်းချော်မှုကို ပြန်လည်ပြင်ဆင်တာ  ၉ နာရီကြာမြင့်ပြီး တောင်တွင်းကြီး-ပျဉ်မနား မီးရထားလမ်းပိုင်းပေါ်မှာ တခြား ပြေးဆွဲနေတဲ့ ရထားတွေ အချိန်ကြန့်ကြာခဲ့တယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။ သတင်းဓာတ်ပုံ - သားကြီး (တောင်တွင်းကြီး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024