Home
မြန်မာသတင်း
ဧရာဝတီမြစ်ဖျား​ပိုင်း​ ​ရေအား​လျှပ်စစ်စီမံကိန်း​များ​အ​ပေါ် အစိုး​ရခုခံ​ရေး​သား
DVB
·
August 9, 2011
ဧရာဝတီမြစ် စတင်မြစ်ဖျား​ခံရာ ကချင်ပြည်နယ်အတွင်း​ အ​ကောင်အထည်​ဖော်​နေတဲ့​ ​ရေအား​လျှပ်စစ်စီမံကိန်း​တွေ​ကြောင့်​ ဧရာဝတီမြစ်ကို အမှီပြု​နေရတဲ့​ စိုက်ပျိုး​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ လုပ်ငန်း​များ​အ​ပေါ် ထိခိုက်မှုမရှိနိုင်ဘူး​လို့​ အစိုး​ရက တုံ့​ပြန်​ရေး​သား​လာပါတယ်။ ဒီက​နေ့​ထုတ် အစိုး​ရထုတ် မြန်မာ့​အလင်း​သတင်း​စာမှာ ​ဆောင်း​ပါး​တပုဒ်နဲ့​ ခုခံ​ရေး​သား​လာတာဖြစ်ပါတယ်။ ဒီစီမံကိန်း​တွေ​ကြောင့်​ ဧရာဝတီမြစ်နဲ့​ သဘာဝပတ်ဝန်း​ကျင်ကို ထိခိုက်​စေနိုင်​ကြောင်း​ တရုတ်နဲ့​ မြန်မာပညာရှင်​တွေပါဝင်​သော အဖွဲ့​က သတိ​ပေး​ခဲ့​ပြီး​ဖြစ်သလို ပြည်တွင်း​ ပြည်ပက ဒီစီမံကိန်း​တွေအ​ပေါ် ​ဝေဖန်မှု​တွေ ဆက်တိုက်ထွက်​ပေါ်လာခဲ့​ပြီး​ ​နောက်ပိုင်း​ အခုလို ​ရေး​သား​လာတာလည်း​ ဖြစ်ပါတယ်။ ဒါ့​အပြင် စီမံကိန်း​တည်​ဆောက်မှု​တွေ​ကြောင့်​ ​ဒေသခံပြည်သူ​တွေအ​နေနဲ့​လည်း​ ​ကျောက် သဲ ထုတ်လုပ်တဲ့​ ​နေရာ၊​ အ​ဆောက်အအုံ​တွေ ​ဆောက်လုပ်တဲ့​နေရာ၊​ လမ်း​တွေ​ဖောက်လုပ်တဲ့​ ​နေရာ​တွေအပါအဝင် စီမံကိန်း​တွေရဲ့​ မြိုပြအင်ဂျင်နီယာဆိုင်ရာ လုပ်ငန်း​တွေမှာ ပါဝင်​ဆောင်ရွက်နိုင်ပြီး​ အလုပ်အကိုင် အခွင့်​အလမ်း​ကောင်း​တွေပါ ရရှိ​နေကြပြီလို့​လည်း​ ​ရေး​သား​ထား​ပါတယ်။ ဧရာဝတီမြစ်ဆုံ ​မေခ၊​ မလိခ၊​ မြစ်ညာမြစ်ဝှမ်း​ ​ရေအား​လျှပ်စစ် စီမံကိန်း​တွေမှာ​တော့​ မြစ်ဆုံ၊​ ချီ​ဗွေ၊​ ချီ​ဗွေငယ်၊​ ဝူ​ဆောက်၊​ ​ခေါင်လန်ဖူး​၊​ ယီနန်၊​ ဖီ​ဇောနဲ့​ လိုက်ဇာ စတဲ့​ ​ရေအား​လျှပ်စစ် စီမံကိန်း​ ၈ ခုဖြစ်ပြီး​ ဒီက​နေ မီဂ္ဂါဝပ် နှစ်​သောင်း​နီး​ပါး​ ထုတ်လုပ်နိုင်ဖို့​ ရည်ရွယ်ပြီ တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီက (၁၅) နှစ်အတွင်း​ အပြီး​တည်​ဆောက် သွား​ဖို့​ရှိ​နေတာလည်း​ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024