DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​ကိုယ်စား​လှယ်များ​ လွှတ်​တော်ရုံး​အစီအစဉ်ဖြင့်​ ငြိမ်း​ချမ်း​ရေး​ အိတ်ဖွင့်​ပေး​စာ ​ပေး​ပို့
DVB
·
August 9, 2011
Donate to DVB

တိုင်း​ရင်း​သား​လွှတ်​တော်ကိုယ်စား​လှယ် ၂၃ ဦး​က လွှတ်​တော်ရုံး​တွေရဲ့​ အစီအစဉ်နဲ့​ ငြိမ်း​ချမ်း​ရေး​နဲ့​ပတ်သက်တဲ့​ အိတ်ဖွင့်​ပေး​စာတစ်​စောင်ကို ဒီလ ၈ ရက်​နေ့​ ရက်စွဲနဲ့​ ထုတ်ပြန်​ကြေညာပြီး​ ငြိမ်း​ချမ်း​ရေး​လိုလား​သူ​တွေကို ရည်ရွယ်​ပေး​ပို့​လိုက်ပါတယ်။

ရှစ်​လေး​လုံး​ မြန်မာ့​ဒီမိုက​ရေစီ​ရေး​လှုပ်ရှား​မှု ၂၃ နှစ်ပြည့်​မြောက်တဲ့​နေမှာပဲ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့​လွှတ်​တော်နဲ့​ အမျိုး​သား​လွှတ်​တော်​တွေရဲ့​ ကိုယ်စား​လှယ် ၂၃ ဦး​က လွှတ်​တော်ရုံး​တွေရဲ့​ အစီအစဉ်နဲ့​ ဒီငြိမ်း​ချမ်း​ရေး​အိတ်ဖွင့်​ပေး​စာကို ထုတ်ပြန်လိုက်တာပါ။

ဒီစာ​ပေး​ပို့​ သူ​တွေထဲမှာ​တော့​ ကြံ့​ခိုင်​ရေး​ပါတီက အနိုင်ရ တိုင်း​ရင်း​သား​ကိုယ်စား​လှယ်​တွေ အများ​စုပါဝင်ပြီး​ တိုင်း​ရင်း​သား​ကိုယ်စား​လှယ်အချို့​သာ ပါဝင်ပါတယ်။ ဒီအိတ်ဖွင့်​ပေး​စာကို အစိုး​ရပိုင်ရုပ်မြင်သံကြား​လိုင်း​တွေနဲ့​ သတင်း​စာ​တွေကနေလည်း ​ဖော်ပြခဲ့​ပါတယ်။

ဒီစာထဲမှာ​တော့​ ငြိမ်း​ချမ်း​ရေး​လိုလား​သူများ​အတွက်လို့​ ရည်ရွယ်​ဖော်ပြထား​ပြီး​ အစိုး​ရအဆက်ဆက်နဲ့​ ပြည်သူ​တွေက ဒို့​တာဝန် အ​ရေး​သုံး​ပါး​အ​ပေါ် ရပ်တည်ခဲ့​ကြ​ပေမယ့်​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​အစည်း​တွေဘက်က သံသယလွန်ကဲမှု​တွေ၊​ အစွန်း​ရောက်မှု​တွေ၊​ ​ဘေး​ပ​ယောဂဝင်​ရောက် ​နှောက်ယှက်ခံရမှု​တွေ၊​ ကတိပျက်ကွက်မှု​တွေ​ကြောင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေ ပျက်ခဲ့​ရတယ်လို့​ အဓိက ​ဖော်ပြထား​ပါတယ်။

ဒါ့​အပြင် ဩဂုတ်လ ၂ ရက်​နေ့​က KIA ထိန်း​ချုပ်နယ်​မြေအတွင်း​ ဖြစ်ပွား​ခဲ့​တဲ့​ ပစ်ခက်မှု​တွေနဲ့​ပတ်သက်ပြီး​တော့​လည်း​ ငြိမ်း​ချမ်း​ရေး​အတွက် ​ခြောက်လှန့်​မှုတရပ်အဖြစ်လည်း​ ​ရေး​သား​ထား​ပြန်ပါတယ်။

ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ ငြိမ်း​ချမ်း​ရေး​ကို အမှန်တတယ်ရရှိလိုရင် ပြည်​ထောင်စုကြီး​တခုလုံး​ရဲ့​ အကျိုး​စီး​ပွား​ကိုသာ ​ရှေ့​ရှု့​ ​ဆွေး​နွေး​မှုအမှန်​တွေ လုပ်​ဆောင်ကြဖို့​ကိုလည်း​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက အ​လေး​အနက် တိုက်တွန်း​ထား​ပါတယ်။

ဒီစာထုတ်ပြန်လိုက်တာနဲ့​ပတ်သက်ပြီး​ လက်မှတ်​ရေး​ထိုး​သူ​တွေထဲမှာပါဝင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာသန်း​ဝင်း​က အခုလို ​ပြောကြား​ပါတယ်။

“ကျ​နော်​ဖြေလို့​ ရလား​မရလား​ မသိဘူး​။ လွှတ်​တော်အတွင်း​ရေး​တွေ ဖြစ်​နေ​တော့​။ ​ရေး​တာ​တော့​ ငြိမ်း​ချမ်း​ရေး​အတွက်ပဲ။ အဲဒီ​ဒေသ​တွေမှာ မ​အေး​ချမ်း​တော့​ ပြည်သူ​တွေအတွက်က စိတ်ပူစရာဖြစ်တာ​ပေါ့​။ တကယ်လို့​ အပစ်အခတ်ရပ်တယ်။ ငြိမ်း​ချမ်း​ရေး​ ရတယ်ဆိုရင် နှစ်ဖက် နား​လည်မှုရပါ​စေဆိုတဲ့​ ​စေတနာတခုတည်း​နဲ့​ လုပ်တာ။”

လွှတ်​တော်က​နေပြီး​တော့​ အန်ကယ်တို့​ကို အစည်း​အ​ဝေး​တွေဘာ​တွေ ​ခေါ်ပြီး​တော့​ ထုတ်ခိုင်း​တာလား​။ ဒါမှမဟုတ် အန်ကယ်တို့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေကြီး​ပဲ သီး​ခြား​အပြင်မှာ ​တွေ့​ဆုံပြီး​တော့​ ဒါကိုထုတ်ဖို့​ စီစဉ်တာလား​။ ဘယ်လိုများ​ရှိနိုင်မလဲ။

“အဲဒါက အတွင်း​ရေး​ဖြစ်သွား​ပြီ၊​ ကျ​နော့်​အ​နေနဲ့​လည်း​ ​ဖြေရခက်တယ်။ တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေ အများ​ကြီး​တက်တယ်။ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေထဲမှာ ကျ​နော်တ​ယောက်ပဲ တိုင်း​ရင်း​သား​ခေါင်း​ဆောင် မပါတာ​လေ။”

ဒီလို လွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ ​တောင်း​ဆိုချက်​တွေအ​ပေါ် အမျိုး​သား​ ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေကလည်း​ အခုလို အကြံပြု​ပြောဆိုပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် ကျ​နော်တို့​ တခြား​သော နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေ အား​လုံး​အပါအဝင် ​တောင်း​ဆို​နေတာ ဖြစ်ပါတယ်။ အဓိက​တော့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ကို ဘယ်လို​ရောက်​အောင် သွား​မလဲဆိုတဲ့​ အ​ခြေခံကြီး​ပေါ်မှာပဲ တည်ပါတယ်။ သ​ဘောက​တော့​ ပြည်​ထောင်စု ညီလာခံလိုဟာမျိုး​ကို ​ခေါ်ယူပြီး​တော့​မှ စား​ပွဲခုံ​ပေါ်မှာ အား​လုံး​ပါတဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​တော့​မှ တဖက်နဲ့​ တဖက် နား​လည်ပြီး​တော့​မှ ကတိကဝတ်​တွေကို စာရွက်​ပေါ်မှာ အဖြူအမဲ လက်မှတ်ထိုး​ပြီး​တော့​ စာချုပ်ချုပ်ဆိုပြီး​တော့​ နိုင်ငံ​ရေး​ပြဿနာကို ​ဖြေရှင်း​မှသာလျှင် အပြီး​တိုင်ရှိမယ်လို့​ ကျ​နော်တို့​ ယူဆထား​တာရှိပါတယ်။ အဲ​တော့​ အဲဒီထိ ​ရောက်​အောင် သွား​ဖို့​ နိုင်ငံ​တော်အစိုး​ရ အ​နေနဲ့​ ​ဆောင်ကျဉ်း​ပေး​မယ်ဆိုရင်​တော့​ ငြိမ်း​ချမ်း​ရေး​မြင်ကွင်း​ကို မကြာခင် သိနိုင်မယ်လို့​ ထင်ပါတယ်။”

ဒီအိတ်ဖွင့်​ပေး​စာ အ​ပေါ် အစိုး​ရမူဝါဒ လွှမ်း​မိုး​မှု​တွေ ရှိ​နေတယ်လို့​လည်း​ အခြား​နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​တွေက ​ဝေဖန်​ပြောဆို မှု​တွေရှိ​နေပါတယ်။

ဒီအရင်ကလည်း​ မြန်မာဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်အပါအဝင် နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​တွေနဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက ငြိမ်း​ချမ်း​ရေး​အတွက် အစိုး​ရသစ်ကို ​တွေ့​ဆုံ​ဆွေး​နွေး​အ​ဖြေရှာဖို့​ တိုက်တွန်း​ခဲ့​ကြ​ပေမယ့်​လည်း​ အစိုး​ရဘက်က​တော့​ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်တာမျိုး​ မ​တွေ့​ရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013