A d v e r t i s e m e n t With Us

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ကိုယ်စား​လှယ်ထား​ရန် တိုက်တွန်း

ဂျပန်နိုင်ငံက မြန်မာ့​ဒီမိုက​ရေစီအင်အား​စု​တွေက ဂျပန်နိုင်ငံခြား​ရေး​ဌာန တာဝန်ရှိသူ​တွေကို ဒီ​နေ့​တွေ့​ဆုံပြီး​ ဂျပန်အစိုး​ရက မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား​လှယ်တဦး​ ခန့်​အပ်ထား​ရှိ​ရေး​အပါအဝင် မြန်မာပြည်ဒီမိုက​ရေစီ​ရေး​အား​ပေး​တဲ့​ အခန်း​ကဏ္ဍကို မြှင့်​တင်ဖို့​ တိုက်တွန်း​ခဲ့​ကြပါတယ်။ ဂျပန်နိုင်ငံခြား​ရေး​ဌာနက အ​ရှေ့​တောင်အာရှနဲ့​ အ​နောက်​တောင်အာရှ ဌာန ညွှန်ကြား​ရေး​မှူး​ချုပ်ကို ဒီက​နေ့​ မြန်မာ့​ဒီမိုက​ရေစီအင်အား​စု​တွေ သွား​ရောက် ​တွေ့​ဆုံတိုက်တွန်း​ခဲ့​တာ ဖြစ်ပါတယ်။ ဒီ​ဆွေး​နွေး​ပွဲမှာ မြန်မာပြည် ဖြစ်ပျက်မှု​တွေမှာ ဂျပန်အစိုး​ရက ပါဝင်​ဆောင်ရွက်နိုင်တဲ့​ အခန်း​ကဏ္ဍ​တွေကို ​ပြောဆိုခဲ့​တာဖြစ်ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ကိစ္စ။ ရှမ်း​၊​ ကချင်၊​ ကရင်​ဒေသနယ်စပ်​တွေမှာ တိုက်ပွဲ​တွေရပ်​အောင် ​ဆောင်ရွက်​ပေး​နိုင်မှုအ​ခြေအ​နေ၊​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရအကြား​မှာ ဒီမိုက​ရေစီပြုပြင်​ပြောင်း​လဲမှုအတွက် ​ဆွေး​နွေး​မှု​တွေ ပိုမို​အောင်မြင်လာ​အောင် ကူညီ​ပေး​နိုင်မယ့်​ အ​နေအထား​တွေ ရှာ​ဖွေ​ပေး​နိုင်ဖို့​အတွက် သွား​ရောက်​ဆွေး​နွေး​တာလို့​ ​ဆွေး​နွေး​ပွဲမှာပါဝင်သူ (မြန်မာ့​ဒီမိုက​ရေစီကွန်ရက် ​ပြောခွင့်​ရသူ ကို​ကျော်​ကျော်စိုး​က ​ပြောပါတယ်။ “မြန်မာပြည်ဆိုင်ရာ ဂျပန်ရဲ့​ အထူး​ကိုယ်စား​လှယ်တ​ယောက် ခန့်​အပ်ပြီး​တော့​ ဂျပန်အစိုး​ရအ​နေနဲ့​ ပိုပြီး​ တက်တက်ကြွကြွ ထိထိ​ရောက်​ရောက်နဲ့​ ပါဝင်​ဆောင်ရွက် လာနိုင်​လောက်​အောင် ကျ​နော်အကြံ​ပေး​ခဲ့​ပါတယ်။ ဒီအကြံကိုလည်း​ သူတို့​ သ​ဘောကျတယ်။ ဒါကို သူတို့​အ​ကောင်အထည်​ဖော်ဖို့​ ကြိုး​စား​နေတယ်။” ဂျပန်အစိုး​ရက မြန်မာကို ​ပေး​နေတဲ့​ အကူအညီ​တွေကို တကယ်လိုအပ်ချက်​တွေအတွက် စိစစ်​ပေး​ဖို့​။ ဒီမိုက​ရေစီပြုပြင်​ပြောင်း​လဲ​ရေး​ကို အ​ထောက်အကူဖြစ်​စေမယ့်​ အကူအညီ​တွေဖြစ်ဖို့​ တင်ပြခဲ့​သလို နိုင်ငံ​ရေး​၊​ လူမှု​ရေး​၊​ နိုင်ငံတကာဆက်ဆံ​ရေး​၊​ နိုင်ငံတကာဥပ​ဒေနဲ့​ လူ့​အခွင့်​အ​ရေး​ကိစ္စ​တွေမှာ မြန်မာလူငယ်​တွေ ပိုမိုစိတ်ဝင်စား​လာတာကို ​တွေ့​ရှိလို့​ ​ဟော​ပြောပို့​ချမှု သင်တန်း​တွေလိုအပ်မှု စတာ​တွေ တင်ပြခဲ့​ပြီး​ ညွှန်ကြား​ရေး​မှူး​ချုပ်ကလည်း​ လိုလိုလား​လား​ရှိတယ်လို့​ ကို​ကျော်​ကျော်စိုး​က ​ပြောပါတယ်။ ဒီ​ဆွေး​နွေး​ပွဲမှာ မြန်မာအ​ရေး​တက်ကြွလှုပ်ရှား​သူ​တွေနဲ့​အတူ ဂျပန်အလုပ်သမား​သမဂ္ဂက တာဝန်ရှိသူတချို့​လည်း​ လိုက်ပါခဲ့​တယ်လို့​ ဆိုပါတယ်။ အဲဒီဂျပန် အ​ရှေ့​တောင်အာရှနဲ့​ အ​နောက်​တောင်အာရှ ညွှန်ကြား​ရေး​မှူး​ချုပ်ဟာ မကြာ​သေး​ခင်လပိုင်း​က ဂျပန်လွှတ်​တော်ဆိုင်ရာ နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ မြန်မာပြည်ခရီး​စဉ်မှာ လိုက်ပါသွား​ခဲ့​ဖူး​ပြီး​ အစိုး​ရနိုင်ငံခြား​ရေး​ဝန်ကြီး​နဲ့​ရော ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ပါ ​တွေ့​ဆုံရာမှာ ပါဝင်ခဲ့​သူဖြစ်ပါတယ်။ ဒီလို ​တွေ့​ဆုံမှုမှာ မြန်မာအစိုး​ရသစ်ဟာ အရင်တပ်မ​တော်အစိုး​ရ လက်ထက်ကလိုမဟုတ်ဘဲ အ​ပြောင်း​အလဲ လိုလား​တယ်ဆိုတာ ​တွေ့​ခဲ့​ရတဲ့​အ​ကြောင်း​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​ဆွေး​နွေး​ခဲ့​တာ​တွေအ​ပေါ်မှာလည်း​ ​ကျေနပ်အား​ရတဲ့​ အ​ကြောင်း​တွေ ပြန်​ပြောပြတယ်လို့​ ကို​ကျော်​ကျော်စိုး​က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up