ပီအက်စ်ဂျီ ၉ ဂိုးပြတ်ဖြင့်နိုင်ပြီး ပြင်သစ်အမှတ်ပေးချန်ပီယံဆု ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

မတ် ၁၃ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်လီဂူး အမှတ်ပေးလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီက ထရိုရက်စ် (Troyes) အသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို စောစောစီးစီး ဆွတ်ခူးသွားပါတယ်။ လက်ရှိချန်ပီယံ ပီအက်စ်ဂျီဟာ ပြိုင်ပွဲပြီးဆုံးဖို့ ၂ လအလို ပွဲစဉ် ၈ ပွဲ ကျန်တဲ့အချိန်မှာ ချန်ပီယံဆုကို ရယူသွားတာပါ။ အနိုင်ဂိုးတွေကို ကာဗာနီ၊ ပါစတိုရီ၊ တိုက်စ်မှူး အီဗရာအီမိုဗစ်၊ ရာဘီယော့နဲ့ တဘက်လူ ကိုယ်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲမှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ တယောက်တည်း ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ လောရန့် ဘလန့်ရဲ့ ပီအက်စ်ဂျီအသင်းဟာ ဒုတိယနေရာက မိုနာကိုအသင်းကို ၂၅ မှတ်ဖြတ်ပြီး ပြင်သစ်အမှတ်ပေး လီဂူးဖလားကို ၄ နှစ်ဆက်တိုက် ရယူနိုင်တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ အမှတ်ပေးလိဂ် ဖလားကို စောစော ရယူနိုင်ခဲ့ပြီး နောက်ထပ်လည်း ဖလား ၂ လုံးကို ရယူနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up