DVB Logo
Home
မြန်မာသတင်း
သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှု ဓာတ်ပုံမှတ်တမ်း​တင်သူကို ရုံး​ပြန်ထုတ်
DVB
·
August 9, 2011
သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှု ဓာတ်ပုံမှတ်တမ်း​တင်သူကို ရုံး​ပြန်ထုတ်
Donate to DVB

ထောင်ဒဏ်နှစ်ရှည် ကျခံထား​ရတဲ့​ သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှုမှာ ဓာတ်ပုံမှတ်တမ်း​ ရိုက်ကူး​ခဲ့​တဲ့​ ကိုစည်သူ​ဇေယျကို ဒီက​နေ့​ အင်း​စိန်​ထောင် တရား​ရုံး​မှာ ရုံး​ထုတ်ခဲ့​ပါတယ်။

ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကျခံထား​ရတဲ့​ ကိုစည်သူ​ဇေယျကို ​နောက်ထပ်တမှု စွဲဆိုဖို့​အတွက် ရန်ကုန်အ​ရှေ့​ပိုင်း​ ခရိုင်တရား​ရုံး​မှာ ဒီက​နေ့​ ရုံး​ထုတ် တရား​စွဲဆိုခဲ့​တယ်လို့​ မိခင်ဖြစ်သူ ​ဒေါ်ရီရီတင့်​က ​ပြောဆိုပါတယ်။

ကိုစည်သူ​ဇေယျကို ၂၀၁၀ ရန်ကုန်မြို့​ X2O သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှုကို မှတ်တမ်း​တင် ဓာတ်ပုံရိုက်ကူး​နေတုန်း​ အဖမ်း​ခံခဲ့​ရခြင်း​ဖြစ်ပြီး​ အဲဒီနှစ် ဒီဇင်ဘာလမှာ လုံခြုံ​ရေး​နဲ့​ ဗီဒီယိုအက်ဥပ​ဒေပုဒ်မနဲ့​ ​ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့​ရတာပါ။

အခုတကြိမ် တရား​စွဲဆိုထား​တာနဲ့​ပတ်သက်ပြီး​ မိခင်ဖြစ်သူက “ပုဒ်မ ၃၃ နဲ့​ စွဲထား​တာ။ ကျမက သက်​သေအ​နေနဲ့​ ဒီ​နေ့​ထွက်ဆိုတယ်။ ပုဒ်မ၃၃ က၊​ အလက်ထ​ရောနစ် အက်ဥပ​ဒေ​ပေါ့​။ အစိုး​ရရဲ့​ ငြိမ်ဝပ်ပိပြား​မှုတို့​၊​ စည်း​ရုံး​မှုတို့​ ပျက်ပြား​စေတဲ့​ဟာကို ​ရေး​ပို့​တယ်ဆိုတဲ့​ဟာနဲ့​ စွဲတာဖြစ်တယ်။ ဒီအမှုနဲ့​ဆိုရင် အနည်း​ဆုံး​ ၇ နှစ်က​နေ၊​ ၁၅ နှစ်ထိ ချနိုင်တယ်ဆိုပြီး​တော့​ ​ပြောတယ်။ ​လော​လောဆယ် အင်း​စိန်​ထောင်မှာပဲ ရှိတယ်။ ​နောက်​တော့​ ဘယ်ပို့​မလဲ မသိဘူး​” လို့​ ​ပြောပါတယ်။

ကိုစည်သူ​ဇေယျဟာ ယခင် နအဖစစ်အစိုး​ရလက်ထက်မှာ ပြစ်မှုမခိုင်လုံဘဲနဲ့​ နှစ်ရှည်​ထောင်ဒဏ် ချမှတ်ခံခဲ့​ရပြီး​ အခု အစိုး​ရသစ်လက်ထက်မှာလည်း​ အရင် စစ်အစိုး​ရလိုပဲ တရား​ရုံး​စနစ်က မ​ပြောင်း​လဲဘဲ ရဲကနှိပ်စက်ပြီး​ စစ်ချက်ယူတာ​တွေနဲ့​ မခိုင်လုံတဲ့​ ပြစ်မှုအတွက် ပြစ်ဒဏ်စီရင် ချမှတ်ခံရမယ်လို့​လည်း​ မိခင်ဖြစ်သူ ​ဒေါ်ရီရီတင့်​က ​ပြောဆိုသွား​ပါတယ်။

“အ​ကြောင်း​လည်း​ မရှိပါဘူး​။ ဒီအတိုင်း​ပဲ အဲဒီ ပုဒ်မ​တွေနဲ့​ပဲ ဒီလိုပဲ ပြစ်ထား​ပြီး​၊​ ရဲကစစ်ချက်နဲ့​ပဲ အတည်ယူပြီး​တော့​ အဲဒီက စွပ်စွဲချက်နဲ့​ပဲ ချ​နေတာပဲ။ နှိပ်စက်ထား​ပြီး​ ယူထား​တဲ့​ စွဲချက်နဲ့​ပဲ အမိန့်​ချမှာပဲ။ အခုလက်ရှိပုံစံကလည်း​ အရင်ပုံစံအတိုင်း​ပါပဲ။ ပြီး​ခဲ့​တဲ့​ ၂မှုတုန်း​ကလည်း​ ဒီအတိုင်း​ပဲ။”

ကိုစည်သူ​ဇေယျဟာ အင်း​စိန်​ထောင်အတွင်း​မှာ ညှဉ်း​ပန်း​နှိပ်စက်တာ ခံ​နေရပြီး​ ​ဖေ​ဖော်ဝါရီလကလည်း​ အင်း​စိန်​ထောင် အာဏာပိုင်​တွေက စစ်​ခွေး​တိုက်ပို့​ပြီး​ နှိပ်စက်ခံခဲ့​ရတယ်လို့​ မိသား​စုဝင်​တွေ အ​ပြောရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013