နျူးကလီးယားစွမ်းအင်သုံး အမေရိကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယား ဆိုက်ရောက် (ရုပ်သံ)

ဓာတ်ပုံ - အေပီ
1.7K
နျူးကလီးယား စွမ်းအင်သုံး အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျွန် စီ စတင်းနစ်(USS John C. Stennis)ဟာ တောင်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းမြို့တော် ဘူဆန်ကို ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့က ဆိုက်ရောက်ပါတယ်၊
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ ဖြစ်ပါတယ်။
ယူအက်စ်အက်စ် ဂျွန် စီ စတင်းနစ်သင်္ဘောကြီးကို ပို့လိုက်ခြင်းအားဖြင့် နျူးကလီးယား စမ်းသပ်မှု ၄ ကြိမ် လုပ်ခဲ့သလို၊ တာဝေးပစ် ရော့ကတ်တွေ စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားကို သတိပေးတဲ့ သဘော သက်ရောက်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ဘက်က မျှော်လင့်နေပါတယ်။
ဒီ လေယာဉ်တင် သင်္ဘောဟာ Key Resolve လို့ နာမည်ပေးထားတဲ့ စစ်ရေး လေ့ကျင့်မှုမှာပါဝင်မှာပါ။ တောင်ကိုရီးယားနဲ့ အမေရိကန် တပ်တွေဟာ Key Resolve စစ်ရေး လေ့ကျင်မှုသာမက၊ နှစ်နိုင်ငံ ကမ်းတပ်တပ်ဖွဲ့တွေရဲ့ နှစ်စဉ် ပူးတွဲ လေ့ကျင်မှုဖြစ်တဲ့ အက်စ်ဆောင်ယန်း စစ်ရေးလေကျင့်မှု၊ ၂ နှစ် ၁ ကြိမ် ပြုလုပ်တဲ့ မြေပြင်တိုက်ပွဲ လေ့ကျင့်မှု Double Dragon တို့ကိုလည်း တပြိုင်တည်း ပြုလုပ်နေပါတယ်။
ဒီနှစ် မြေပြင် တိုက်ပွဲ လေ့ကျင့်မှုမှာ စစ်သည်အင်အား ၁၇၂၀၀ ပါဝင်တဲ့အတွက် သမိုင်းမှာ အရင်က လုပ်ခဲ့တဲ့ လေ့ကျင်မှုတွေထက် ပိုပြီး ကြီးကျယ်ပါတယ်။