ရခိုင်ပါတီဗဟိုအလုပ်မှုဆောင် ၆ ယောက် ပါတီ ထုတ်ပယ်

မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာရခိုင်အမျိုးသားပါတီက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
737
ရခိုင်အမျိုးသားပါတီ ANP ရဲ့ သဘောထားထုတ်ပြန်ချက်တွေအပေါ် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကန့်ကွက်ခဲ့ကြတဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ယောက်ကို ပါတီက ထုတ်ပယ်လိုက်ပါတယ်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ထိပ် ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်းနှင့် ဦးသန်းနိုင်မြင့်တို့ ၆ယောက်ကို ထုတ်ပယ်လိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ မတ်လ ၁၃ရက်က လုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်စည်းဝေးက ခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP)ကို ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ(RNDP)နဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ ပေါင်းစည်းဖွဲ့စည်းထားတာဖြစ်ပါတယ်။