DVB Logo
Home
မြန်မာသတင်း
စစ်မှန်သည့်​ ဖက်ဒရယ် မ​ပေါ်မချင်း​ ဆက်လက်တိုက်ပွဲဝင်မည်
DVB
·
August 9, 2011
စစ်မှန်သည့်​ ဖက်ဒရယ် မ​ပေါ်မချင်း​ ဆက်လက်တိုက်ပွဲဝင်မည်
Donate to DVB

စစ်မှန်တဲ့​ ဖက်ဒရယ် မ​ပေါ်မချင်း​ မြန်မာအစိုး​ရသစ်ကို ဆက်လက်တိုက်ပွဲဝင်မယ်လို့​ ကရင်နီတိုး​တက်​ရေး​ပါတီရဲ့​ စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ဘီတူး​က ​ပြောပါတယ်။

ဒီက​နေ့​ ကျင်း​ပတဲ့​ ၆၃ နှစ်ပြည့်​ ကရင်နီ​တော်လှန်​ရေး​နေ့​ အခမ်း​အနား​မှာ ဗိုလ်ချုပ် ဘီတူး​က ​ပြောကြား​ခဲ့​တယ်လို့​ အခမ်း​အနား​ တက်​ရောက်ခဲ့​တဲ့​ ကန္တရဝတီတိုင်း​ သတင်း​ဌာနမှ ကူး​ရယ်က ​ပြောပါတယ်။

“ဗိုလ်ချုပ်ဘီတူး​ပြောသွား​တာက သူတို့​ရဲ့​ ရဲ​ဘော်​တွေ၊​ ပြည်သူ​တွေ ​နောက်ပြီး​ သူတို့​ရဲ့​အယူအဆ​တွေက တကယ်စစ်မှန်တဲ့​ ဖယ်ဒရယ်ပြည်​ထောင်စု မ​ပေါ်​ပေါက်လာသ​ရွေ့​ တိုက်ပွဲဆက်ဝင်သွား​မယ်​ပေါ့​။”

၆၃ နှစ်​မြောက် ကရင်နီ​တော်လှန်​ရေး​နေ့​ အခမ်း​အနား​ကို ကယား​ပြည်နယ် ကရင်နီတိုး​တက်​ရေး​ပါတီ ဌာနချုပ်မှာ ကျင်း​ပခဲ့​ပြီး​ မဟာမိတ်တိုင်း​ရင်း​သား​အဖွဲ့​အစည်း​များ​အပါအဝင် ပရိသတ် ၁၀၀၀ ​ကျော် တက်​ရောက်ခဲ့​တယ်လို့​ တက်​ရောက်သူ​တွေက ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် ကမ်း​လှမ်း​တဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ မြန်မာအစိုး​ရကြား​ ငြိမ်း​ချမ်း​ရေး​အဆိုပြုချက်ကို လက်ခံ ကြိုဆို​ပေမယ့်​ မြန်မာအစိုး​ရက​နေ အပစ်ခတ် ရပ်စဲ​ရေး​ ကမ်း​လှမ်း​ခဲ့​ရင်​တောင် ကရင်နီတိုး​တက်​ရေး​ပါတီအ​နေနဲ့​ လက်ခံမှာမဟုတ်ဘဲ တိုင်း​ရင်း​သား​တပ်​ပေါင်း​စုအဖွဲ့​အ​နေနဲ့​ပဲ လက်ခံမှာလို့​ ဗိုလ်ချုပ်ဘီတူး​ ​ပြောဆိုသွား​တယ်လို့​လည်း​ ကူရယ်က ​ပြောဆိုပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်​ရေး​ရအပြီး​ ၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက်​နေ့​ ကရင်နီပြည်​ကောင်စီဥက္ကဋ္ဌ ဦး​ဘီတူရီ ​နေထိုင်တဲ့​ မြလဲရွာကို မြန်မာစစ်တပ်က ဝင်​ရောက်တိုက်ခိုက်တဲ့​နေ့​ကို ကရင်နီ​တော်လှန်​ရေး​နေ့​လို့​ သတ်မှတ်ခဲ့​တာပါ။

ကရင်နီတိုး​တက်​ရေး​ပါတီဟာ မြန်မာစစ်အစိုး​ရနဲ့​ ၁၉၉၅ ခုနှစ်အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ခဲ့​ပေမယ် လအနည်း​ငယ်အကြာမှာပဲ အပစ်ခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ပျက်သွား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013