လူ ၃ ဦးသေသည်အထိ တိုက်ခိုက်ခဲ့သည့် ၀က်ဝံကို အိန္ဒိယရဲတပ်ဖွဲ့ဝင်များ ပစ်သတ် (ရုပ်သံ)

အိန္ဒိယနိုင်ငံအလယ်ပိုင်း ချတ်တစ်စ်ဂါပြည်နယ်မှာ ဝက်ဝံရိုင်းတကောင်က လူ ၃ ဦးကို သေတဲ့အထိ ကုတ်ဖဲ့ တိုက်ခိုက်ခဲ့လို့ ရဲတွေက ဝက်ဝံကို အသေပစ်သတ်ခဲ့ပါတယ်။ ရွာသား ၂ ဦးက မဟာစာမွန်ခရိုင် တောထဲမှာ ထင်းနဲ့ ပန်းတွေ၊ ဆေးဖက်ဝင်အပင်တွေ စုဆောင်းဖို့ သွားချိန်မှာ ဝက်ဝံက သူတို့ ၂ ဦးကို သတ်ခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီး သစ်တောအရာရှိတွေနဲ့ ရဲအရာရှိတွေက ဝက်ဝံကို အရှာထွက်ခဲ့တာပါ။ လူသားစားဝက်ဝံကို ထိန်းချုပ်ဖို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ အကြီးတန်း ရဲအရာရှိက ပြောပါတယ်။ အစောပိုင်းက ဝက်ဝံကို မေ့ဆေးပေးဖို့ ကြိုးစားခဲ့တဲ့ အရာရှိတယောက်လည်း ဝံကုတ်ခံခဲ့ရတယ်လို့ တခြား သစ်တောအရာရှိတဦးက ပြောပါတယ်။ ဒါကြောင့် သစ်တောအရာရှိ စာဟီးလ်ခန်းက အဲ့ဒီနေရာမှာတင် သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ မဟာစာမွန်ခရိုင်ဟာ ရာနဲ့ချီတဲ့ စလော့ဝက်ဝံနက်တွေ နေရာ ဇာတိမြေပါ။ စလော့ ဝံနက်တွေကို နီပေါ၊ သီရိလင်္ကာနဲ့ ဘူတန်နိုင်ငံတွေမှာလည်း တွေ့ရပါတယ်။ စားကျက်မြေ လျော့ပါးမှုနဲ့ အမဲလိုက်မှုတွေကြောင့် သားကောင်အရေအတွက် ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် လူတွေရဲ့ မြို့ရွာတိုးချဲ့မှုကြောင့် လူနေရပ်ကွက်နဲ့ သူတို့စားကျက်မြေ နီးလာခဲ့လို့ ခုလို မတော်တဆမှုတွေ ဖြစ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up