Home
မြန်မာသတင်း
ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးယောင် ရောဂါသတိပေး
DVB
·
March 13, 2016
သာစည်မြို့နယ်မှာ သံသယဖြစ် လူနာတွေကို တွေ့ရပြီးတဲ့နောက် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးယောင်ရောဂါကို သတိပြုကြဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးနှိုးဆော်လိုက်ပါတယ်။ မတ်လ အစောပိုင်းက သာစည်မြို့နယ်ထဲက ရွာတစ်ချို့မှာ ကလေးငယ် ၉ ယောက်မှာ ရောဂါလက္ခဏာတွေ့ခဲ့ရပြီး   ၄ ယောက် သေဆုံးသွားခဲ့တာပါ။ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက် အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ ကြွက်သားတွေနာတာ၊ ဇက်တောင့်တာ၊ အရေပြားမှာ သွေးခြည်ဥတာ စတာတွေ ဖြစ်ပါတယ်။ လူနာချောင်းဆိုးတာ၊ နှာချေတာတွေ၊ လူနာရဲ့ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်က အရည်နဲ့ အသုံးအဆောင်တွေက တဆင့် ကူးစက်နိုင်တဲ့အကြောင်းနဲ့  အချိန်မီ ကုသတာ မခံရဘူးဆိုရင် အသက်ဆုံးရှုံးနိုင်တယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ လတ်တလော သံသယဖြစ်လူနာတွေ တွေ့ရတဲ့ သာစည်မှာတော့ လူအများ စုဝေးနိုင်တဲ့ ပွဲလမ်း သဘင်၊ အလှူပွဲ စတာတွေမလုပ်ဖို့ ဆောင်ရွက်ထားတယ်လို့လည်း ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024