ပျောက်ဆုံး မြိတ်တက္ကသိုလ်ကျောင်းသူ အလောင်းပြန်တွေ့
DVB
·
March 13, 2016
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ ပျေက်ဆုံးနေတဲ့ တတိယနှစ် တက္ကသိုလ်ကျောင်းသူကို မတ်လ ၁၂ ရက်နေ့မှာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။
တောင်းရှည်ကျေးရွာအုပ်စု တောင်းညိုကျေးရွာမှ သူ့အလောင်းကို တွေ့ရှိခဲ့တာပါ။
မြိတ်တက္ကသိုလ် Marine Science တတိယနှစ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ မအေးမြတ်သူဟာ မတ်လ ၁၀ ရက်နေ့က မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးတံတားပေါ်မှာ ပျောက်ဆုံးခဲ့ပါတယ်။
တံတားပေါ်မှာ သူ့ရဲ့ အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ပိုက်ဆံအိတ်၊ ဆိုင်ကယ်နဲ့ ဓာတ်ပုံတွေကို တွေ့ရကြောင်း၊ မြိတ်မြို့မရဲစခန်းရဲ့ မှုခင်းမှတ်တမ်းတွေက ဆိုပါတယ်။
အလောင်းကိုတော့ တောင်းညိုကျေးရွာအနီးက မြစ်ထဲမှာ တွေ့ရှိတာ ဖြစ်ပါတယ်။ သေဆုံးမှုနဲ့ ပက်သက်ပြီး ဒေသခံတွေကြားမှာ စိတ်ဝင်တစား ဖြစ်နေပြီး မြိတ်မြို့မ ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။
သတင်းဓာတ်ပုံ - မြတ်ထွဋ်