DVB Logo
Home
မြန်မာသတင်း
မြစ်​ရေတက်မှု​ကြောင့်​ မြို့​အချို့​ ​ရေမြုပ်
DVB
·
August 9, 2011
မြစ်​ရေတက်မှု​ကြောင့်​ မြို့​အချို့​ ​ရေမြုပ်
1 / 3
Donate to DVB

အခု လဆန်း​ပိုင်း​ကစပြီး​ မိုး​အဆက်မပြတ် ရွာသွန်း​မှု​ကြောင့်​ ပဲခူး​တိုင်း​၊​ ဧရာဝတီတိုင်း​၊​ ရခိုင်ပြည်နယ်နဲ့​ ကရင်ပြည်နယ်က မြို့​ကြီး​တချို့​ ​ရေနစ်မြုပ်​နေပါတယ်။

[caption id="attachment_13927" align="alignleft" width="310" caption="ပဲခူးမြို့​ ​ရေကြီးနေစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

စစ်​တောင်း​၊​ ပဲခူး​၊​ ​ရွှေကျင် နဲ့​ သံလွင်မြစ်​ရေ​တွေဟာ စိုး​ရိမ်​ရေမှတ်ထက် ​ကျော်လွန်​နေတယ်လို့​ မိုး​လေဝသနဲ့​ ဇလ​ဗေဒ ညွှန်ကြား​ရေး​မှူး​ ဦး​စီး​ဌာနက မ​နေ့​က ထုတ်ပြန်ထား​ပါတယ်။

ဒီလို မြစ်​ရေ​တွေ စိုး​ရိမ်​ရေမှတ်ထက် ​ကျော်လွန်​နေပြီး​ စစ်​တောင်း​မြစ်​ရေကြီး​တဲ့​အတွက် ပဲခူး​တိုင်း​ မ​ဒေါက်မြို့​ရဲ့​ သုံး​ပုံနှစ်ပုံ​လောက် နစ်မြုပ်ကုန်ပြီလို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

မ​ဒေါက်မြို့​ခံတဦး​က “​ရေကြီး​တာ​တော့​ တမြို့​လုံး​လို့​ ​ပြောလို့​ရတယ်။ ဒီ​နေ့​နဲ့​ဆို သုံး​ရက်ရှိသွား​ပြီ။ မ​ဒေါက်မြို့​ရဲ့​ သုံး​ပုံနှစ်ပုံ​ပေါ့​။ ကား​လမ်း​ဘေး​ ဝဲယာ​လောက်ပဲ ကျန်တယ်။ အကုန်လုံး​ မြုပ်တယ်။ တချို့​နေရာ​တွေမှာဆို ရင်​လောက်​ပေါ့​။ မြုပ်တဲ့​ ​နေရာ​တွေက လူ​တွေ​တော့​ ဘုန်း​ကြီး​ကျောင်း​တွေမှာ သွား​တည်း​နေကြတယ်။ စား​ဝတ်​နေ​ရေး​တော့​ အ​တော်ခက်ခဲတာ​ပေါ့​။ ဘယ်မှသွား​လို့​မရ​တော့​ဘူး​။ ​လှေနဲ့​ပဲ သွား​လာ​နေရတယ်။ မြို့​ပေါ်​ကျောင်း​တွေလည်း​ ပိတ်ထား​ရတယ်” လို့​ ​ပြောပါတယ်။

မ​ဒေါက်မြို့​အပြင် အနီး​တဝိုက်က ​ကျေး​ရွာ​တွေ၊​ လယ်​တွေလည်း​ ​ရေနစ်မြုပ်​နေပြီး​ ​နောက်ထပ်သုံး​လေး​ရက် ဆက်မြုပ်​နေရင် စပါး​တွေ ရှင်နိုင်​တော့​မှာ မဟုတ်ဘူး​လို့​ ​ပြောပါတယ်။

ဒါ​ကြောင့်​ ဒီနှစ်အတွက် ​ဒေသခံလယ်သမား​တွေ စပါး​အထွက်​လျော့​ပြီး​ စား​ဝတ်​နေ​ရေး​ အခက်ကြုံရနိုင်တယ်လို့​ မ​ဒေါက်မြို့​ခံက ​ပြောပါတယ်။

စစ်​တောင်း​မြစ်နဲ့​ ​ရွှေကျင်မြစ်​ရေ တက်တာ​ကြောင့်​ မ​ဒေါက်မြို့​ရဲ့​ တဖက်ကမ်း​ ​ရွှေကျင်မြို့​ မုခ်ဦး​နေရာ​တွေမှာ ​ရေနစ်မြုပ်​နေတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“​ရွှေကျင်မှာ​တော့​ စစ်​တောင်း​မြစ်ကို ဖြတ်ကူး​ရတဲ့​ တံတား​ပေါ်က ဆင်း​သွား​လိုက်ရင် ​ရွှေကျင်ဘက်ခြမ်း​မှာ ဆိုရင်လည်း​ ဆိုင်ကယ်​တွေက ​ခြေချင်း​ဝတ် မြုပ်​နေပြီ​လေ။ အဲဒါကို အတင်း​ဖြတ်​မောင်း​ပြီး​ သွား​နေရတယ်။ ​ရွှေကျင်မြို့​အဝင် မုခ်ဦး​လည်း​ ​ရောက်​ရော ဆိုင်ကယ်​တွေ သွား​လို့​မရ​တော့​ဘူး​။ အဲဒီက​နေ ​ဖောင်​လေး​တွေနဲ့​ ဟိုဘက်ကို ဖြတ်ကူး​ရတာ​ပေါ့​။ ​ရွှေကျင်မုခ်ဦး​ ဆိုတာ​တော့​ ​ရွှေကျင်ရဲ့​မြို့​အဝင်မှာ မြို့​ရဲ့​သ​င်္ကေတ မုခ်ဦး​ရှိတယ်။ အဲဒီက​နေ ဆိုင်ကယ်​တွေကို ​ဖောင်နဲ့​ပို့​ပေး​နေရပြီ။ ​ရွှေကျင် မကျီး​တန်း​ရပ်တို့​ ဘာတို့​ကို ​ရေကဝင်​နေပြီ။ မိုး​ရွာတယ်၊​ မြစ်​ရေတက်တယ်၊​ ​တောင်ကျ​ရေဆင်း​တယ်။ လိုအပ်ချက်​ရေထက် ​ရွှေကျင် ​ရေအား​လျှပ်စစ်က​နေ အ​ပေါ်ကို အနည်း​ဆုံး​ ၇ ​ပေ၊​ ဂ ​ပေ တက်​နေပြီ။ အဲဒီ​ရေ​တွေကို သွန်ပြီး​ဖောက်ချ​နေရတယ်။ အဲဒီလိုအ​နေအထား​တော့​ ရှိတယ်။”

ရွှေကျင်မြို့​မှာ အလား​တူ ​ရေကြီး​မှုမျိုး​ ပြီး​ခဲ့​တဲ့​ ၁၉၉၇ ခုနှစ်ကလည်း​ ဖြစ်ခဲ့​ဖူး​ပါတယ်။

အလား​တူ စစ်​တောင်း​မြစ်​ရေကြီး​မှု​ကြောင့်​ စစ်​တောင်း​မြစ်​ဘေး​ တဖက်တချက်က ​တောင်ငူမြို့​ရဲ့​ မြစ်​ဘေး​ရပ်ကွက်​တွေမှာ မ​နေ့​ကစပြီး​ ​ရေတက်လာတဲ့​အတွက် ​ဒေသခံ​တွေ နီး​စပ်ရာ စာသင်​ကျောင်း​တွေမှာ သွား​ရောက်ခိုလှုံ​နေကြပါတယ်။

ရေလွှမ်း​တဲ့​ရပ်ကွက်က မူလတန်း​ကျောင်း​ ၁၀ ​ကျောင်း​ကိုပါ ပိတ်ထား​ရတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“စစ်​တောင်း​မြစ်​ရေက စိုး​ရိမ်​ရေမှတ် ၀.၈ ​ပေ​လောက် မြင့်​တက်လိမ့်​မယ်လို့​ မိုး​လေဝသက ​ကြေညာထား​တယ်။ ဒီ​နေ့​အ​ခြေအ​နေက​တော့​ နှစ်​ပေ​ကျော်​လောက် မြင့်​နေတာဖြစ်တယ်။ အဲ​တော့​ အခု ​တောင်ငူရဲ့​ စစ်​တောင်း​မြစ်​ဘေး​ တဝိုက်မှာ ​ရေလျှံ​နေပြီ။ ၂၀ ရပ်ကွက်၊​ အုတ်ကြွပ်တန်း​၊​ အလယ်ကျွန်း​ ပတ်ပတ်လည်ပဲ။ အလယ်ပိုင်း​လောက်ပဲ ​ရေမလျှံတာ​လေ။ ဘုန်း​ကြီး​ကျောင်း​၊​ ဘုရား​တွေမှာ စခန်း​တွေလုပ်ပြီး​တော့​ ဝင်​နေ​နေရတယ်။ အခု​လော​လောဆယ်​တော့​ ဒီ​နေ့​ အမက​ကျောင်း​ ၁၀ ​ကျောင်း​၊​ ပိတ်ထား​ရပြီ။ ​နောက်​နေ့​လည်း​ ​ရေတက်ဖို့​ အလား​အလာရှိတယ်။ ဒီထက်တိုး​လာဖို့​ပဲ ရှိတယ်။”

ရေဘေးဒုက္ခသည် မိသား​စု ၂၀၀ ​ကျော်ရှိ​နေပြီး​ ဆက်တိုး​လာနိုင်တယ်လို့​ အဲဒီမြို့​ခံက ​ပြောပါတယ်။

မြို့​ရေ​ဘေး​ဒုက္ခသည်​တွေကို​တော့​ ဒီ​နေ့​ကစပြီး​ ကုန်သည်ကြီး​များ​အသင်း​ က​နေပြီး​ ဆန်​တွေ ထမင်း​ထုပ်​တွေ လိုက်လံ​ဝေ​ပေး​နေတယ်လို့​လည်း​ အဲဒီမြို့​ခံကပဲ ​ပြောပါတယ်။

ဒါ​ပေမယ့်​ မြို့​ရဲ့​အပြင်ဘက် ရှမ်း​စုကြီး​ ​ကျေး​ရွာအုပ်စုက​နေ မြို့​ပေါ် ​လောကုတ္တရာ ဘုန်း​ကြီး​ကျောင်း​မှာ လာ​ရောက်ခိုလှုံ​နေတဲ့​ အိမ်​ထောင်စု ၆၄ စုက​တော့​ ဘယ်သူ့​ အကူအညီမှ မရ​သေး​ဘူး​လို့​ ​ပြောပါတယ်။

ကရင်ပြည်နယ် ဘား​အံမြို့​မှာလည်း​ သံလွင်မြစ်​ရေတက်မှု​ကြောင့်​ ပြီး​ခဲ့​တဲ့​ ဩဂုတ် ၄ ရက်​နေ့​ကလည်း​က မြို့​တွင်း​ရေကြီး​ရေလျှံမှု ဖြစ်ပွား​ခဲ့​ပြီး​ ဒီက​နေ့​ ည​နေမှာ မြစ်​ရေ အနည်း​ငယ်ကျသွား​ပေမယ့်​ အနိမ့်​ပိုင်း​ ရပ်ကွက်​တွေမှာ ​ရေကြီး​နေဆဲဖြစ်ပါတယ်။

ရေကြီး​မှု​ကြောင့်​ ဘား​အံမြို့​မှာ ကယ်ဆယ်​ရေး​စခန်း​ ၈ ခု ဖွင့်​ထား​ပြီး​ အခုလ ၆ ရက်​နေ့​က ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​နဲ့​ အစိုး​ရအဖွဲ့​က လာ​ရောက်ကြည့်​ရှုခဲ့​ပြီး​ အကူအညီ ​ပေး​သွား​တယ်လို့​ ဘား​အံမြို့​ခံ​တွေက ​ပြောပါတယ်။

ဘား​အံ​ရေ​ဘေး​ ဒုက္ခသည်​တွေကို​တော့​ မြို့​ပေါ် အာဏာပိုင် အဖွဲ့​အစည်း​တွေနဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​တွေက ကူညီကယ်ဆယ်မှု ပြုလုပ်တယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့​နယ်ဘက်မှာလည်း​ ​ရေကြီး​နေတယ်လို့​ သိရပါတယ်။

မြန်မာနိုင်ငံတဝန်း​ ဇူလိုင်လက စပြီး​ မိုး​သည်း​ထန်ပြီး​ ​ရေကြီး​ရေလျှံမှုဖြစ်ပွား​ခဲ့​တဲ့​အတွက်ဧရာဝတီတိုင်း​၊​ ပဲခူး​တိုင်း​၊​ ရခိုင်ပြည်နယ်၊​ ကရင်ပြည်နယ်တွင်း​က လယ်ဧက ​သောင်း​ချီပျက်စီး​ခဲ့​ရပြီး​ လယ်သမား​တွေ စပါး​ပြန်လည်စိုက်ပျိုး​ရေး​ အခက်အခဲ ကြုံ​တွေ့​ခဲ့​ရပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013