ဒုတိယကမ္ဘာစစ်က လေယာဉ်ပစ်ကျည်များ အင်းတော်တွင် တွေ့ရှိ (ဓာတ်ပုံ)

အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု ဟဲနုရွာ မီးရထားသံလမ်းအနီးမှာ ဒုတိယကမ္ဘာစစ်အတွင်းကလို့ ယူဆရတဲ့  လေယာဉ်ပစ်ကျည်ဆန် ၁၉ တောင်ကို မတ် ၁၁ ရက် မွန်းတည့် ၁၂ နာရီအချိန်က တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိပုံမှာ မော်လူးစံပြကျေးရွာ အမှတ် ၆ ရပ်ကွက်နေ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရွှေ ဦးဆောင်တဲ့ အဖွဲ့က မြေတူးစက်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွေ အသုံးပြုခဲ့တဲ့ အမြောက်ခုံကို ရှေးဟောင်းအမွေအနှစ် ပြခန်းမှာ ပြသဖို့ တူးဖော်စဉ် အခုလို တွေ့ရှိခဲ့တာလို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ လေယာဉ်ပစ်ကျည်ဆံလို့ ယူဆရတဲ့ အရှည် ၁၄ လက်မ၊ လုံးပတ် ၇ လက်မရှိ ကျည်ဆန်၁၉ တောင့်နဲ့ သံချေးတက်နေတဲ့ စစ်ကျန်ပစ္စည်းကျည်တွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဒီကျည်ဆန်တွေကို မော်လူးနယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကသာမြို့ (၃၀၉) ခြေမြန်တပ်ကို အပ်နှံရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up