အိန္ဒိယက လာရောက်ရင်းနှီးမြှုပ်နှံရေး မြန်မာကြိုးပမ်း
DVB
·
March 12, 2016
မြန်မာနိုင်ငံမှာ ကဏ္ဍာပေါင်းစုံ၊ အထူးသဖြင့် ဆေးဝါးနဲ့ အစားအသောက်ထုတ်လုပ်မှုကဏ္ဍတွေမှာ အိန္ဒိယနိုင်ငံအနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ မြန်မာက ကြိုးစားနေပါတယ်။
ကဏ္ဍပေါင်းစုံစီးပွားရေးလုပ်ငန်းတွေကို ဖိတ်ခေါ်ထားပေမယ့် အဓိကကတော့ ဆေးဝါး အစားအသောက်ထုတ်လုပ်မှုနဲ့ ခရီးသွားလုပ်ငန်းတွေ ပိုမို ဦးတည်တယ်လို့ မြန်မာကောင်စစ်ဝန် ဦးသန်းထွေးကို ကိုးကားပြီး အိန္ဒိယ တယ်လီဂရပ်သတင်းက ရေးပါတယ်။
မြန်မာနိုင်ငံမှာ အိန္ဒိယကုမ္ပဏီ ၂၁ ခုက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ ဒေါ်လာ ၇၂၀ သန်း ရှိတယ်လို့ သတင်းက ဖော်ပြထားပါတယ်။