လာမယ့်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်မရနိုင်တဲ့အတွက် ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမား ၈ ဦးလောက် ထွက်ဖို့ပြင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။
အသင်းကနေ ထွက်ခွာဖို့ ပြင်နေသူတွေကတော့ ဟာဇက်၊ ပက်ဒရို၊ အော်စကာ၊ မာတ်စ်၊ ရီမီ၊ ကော်စတာ၊ တယ်ရီ၊ ပါတိုနဲ့ ဖယ်ကာအိုတို့ဖြစ်ပါတယ်။
နည်းပြသစ်ရောက်လာရင် ပုံမှန်ပွဲထွက်ခွင့်မရမှာကိုလည်း ကစားသမားတွေက စိုးရိမ်နေကြတာတွေ ရှိပါတယ်။
တယ်ရီကတော့ စာချုပ်သစ်ကမ်းလှမ်းမခံရတာကြောင့် ထွက်ခွာမှာဖြစ်ပြီး ဖယ်ကာအိုကလည်း အငှားစာချုပ် သက်တမ်းမတိုးတော့လို့ မိခင်ကလပ် မိုနာကိုကို ပြန်မှာ ဖြစ်ပါတယ်။