သမ္မတလွှဲပြောင်းမှုနှင့် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်
DVB
·
March 11, 2016

ဒီမိုကရေစီ နိုင်ငံကြီးများတွင် သမ္မတအုပ်ချုပ်ရေးအာဏာရပ်များ လွှဲပြောင်းရာ၌ ပြည်သူ ဝန်ဆောင်မှုပေးနေကြသော ပြည်သူ့ဝန်ထမ်းများ၏ ကျင့်ဝတ်ဆိုင်ရာ ပြဿနာရပ်များကိုပါ ထည့်သွင်း ဆွေးနွေးလွှဲပြောင်းကြပါသည်။ မြန်မာနိုင်ငံ၌ ‘‘ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်’’ ဟု သတိ ပေးစာတမ်း များကို အချို့အစိုးရရုံးဌာနများတွင် တွေ့ရပါသည်။ သို့ရာတွင် ဝန်ထမ်းများ ကျင့်ဝတ် များနှင့် ပတ်သက်၍ တိတိကျကျပြဌာန်းထားသော ဥပဒေမတွေ့ရှိရပါ။ ၁၉၈၅ခုနှစ် ‘‘ဝန် ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ’’ သာရှိပါသည်။ ယင်းမှာ ၁၉၄၀ပြည့်နှစ် ဂျီဆာကြူလာ ၁၅ နှင့် ၁၉၄၁ခုနှစ် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး အယူခံနည်းဥပဒေတို့ကို အခြေခံထားပါသည်။ အချုပ်အားဖြင့် ဝန်ထမ်းများနှင့် စပ်လျဉ်း၍ ကျင့်ဝတ်စည်း ကမ်းများနှင့် ပြစ်ဒဏ်သတ်မှတ်ချက်အ သေးစိတ်ဖော်ပြထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းမရှိပါ။ ယေဘုယျ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်း ရေးလောက်သာရှိပါသည်။ မြန်မာနိုင်ငံ၏ ယနေ့ဝန်ထမ်းလောက၏ အခြေ အနေအရ နိုင်ငံတကာမှာကဲ့သို့ အစိုးရဝန်ထမ်းများ ကျင့်ဝတ်ဆိုင်ရာ ဥပဒေ (Government Ethics Act) များ တိတိကျကျ ရေးဆွဲပြဌာန်းရန်နှင့် နိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်းများဌာနများကို ကျင့်ဝတ်စည်းကမ်းများကို ထိန်းကွပ်ကြီးကြပ်ရန် အစိုးရကျင့်ဝတ်ဆိုင်ရာဌာန (Office of Government Ethics) ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရအဆင့် ကျင့်ဝတ်ဆိုင်ရာဌာနကြီးကို သီးခြား ဖွဲ့စည်းကာ ပြည်သူတို့အားကိုးယုံကြည်ရသော အစိုးရအုပ်ချုပ်ရေး ယန္တရားဖြစ်စေရန် ထိန်းသိမ်း ပဲ့ကိုင် နိုင်ပါသည်။ ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ် ရုံးဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများအား သက်ဆိုင်ရာလုပ်ငန်း ဌာန အမျိုးအစားအလိုက် တာဝန်နှင့် ကျင့်ဝတ်များ ပြဌာန်းလိုက်နာစေရန် ဖြစ်ပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်ပါသည်။ ပြည်သူ့ဝန်ဆောင်မှုသည် ပြည်သူတို့၏ ယုံကြည်မှုအပြည့်အ၀ရရှိစေရန် အစိုးရ၏ဥပဒေဖြင့် အခြေခံကျင့်ဝတ်စည်းကမ်းများ ပြဌာန်းထားပါသည်။ ယင်းအခြေခံမူ
များကို လေ့လာကြည့်ပါက
(၁) ပြည်သူ့ဝန်ဆောင်မှုသည် ပြည်သူတို့၏ ယုံကြည်မှုရှိစေရမည်ဟူသော မူအရ ပြည်
သူ့ဝန်ထမ်းများသည် ကျင့်ဝတ်သိက်ခာဆိုင်ရာများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊
အမိန့်ညွနှ်ကြားချက်များကို လေးစားလိုက်နာရန်
(၂) ပြည်သူဝန်ထမ်းများသည် တာဝန်ဝတ္တရားဆောင်ရွက်မှုနှင့် ပတ်သက်၍ တရားမဝင်
သော ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာရယူခြင်းနှင့် ပြည်သူ့အမြင်ရှုပ်ထွေးမှုများ
ရှောင်ကြဉ်ရန်
(၃) ပြည်သူ့ဝန်ထမ်းများသည် အစိုးရဌာန၏ လျှို့ဝှက်သတင်းအချက်အလက်များကို မ
ပေါက်ကြားစေရန်၊ငွေကြေးတန်စိုးပစ္စည်းလက်ခံ၍ထုတ်ဖော်ပြောဆိုခြင်းမပြုရန်၊ ပုဂ္ဂလိက
အကျိုးအတွက် ယင်းသတင်းကို နည်းလမ်းမကျစွာ အသုံးချခြင်းမပြုရန်
(၄) ပြည်သူ့ဝန်ထမ်းများသည် မိမိအခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ကိုယ်
ကျိုးရှာမှုမပြုရန်
(၅) ပြည်သူ့ဝန်ထမ်းများသည် တာဝန်ဝတ္တရားများ ထမ်းဆောင်ရာတွင် အစွမ်းကုန်ကြိုး
စားအားထုတ်၍ ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ရန်
(၆) ပြည်သူ့ဝန်ထမ်းများသည် အစိုးရအပေါ်၌ တာဝန်ကျရောက်စေသော မိမိ၌ အခွင့်
အာဏာမရှိသော ဝန်ခံကတိပြုချက်များကို မပြုလုပ်ရန်၊
(၇) ပြည်သူ့ဝန်ထမ်းများသည် အစိုးရရုံးများ၊ ပစ္စည်းများကို မိမိကိုယ်ကျိုးအတွက် အသုံး
ချခြင်းမပြုလုပ်ရန်၊
(၈) ပြည်သူ့ဝန်ထမ်းများသည် လုပ်ငန်းဆောင်ရွက်ရာတွင် ဘက်လိုက်၍ ဦးစားပေးခြင်း
များ မပြုလုပ်ရန်၊
(၉) ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်၍ မိမိအား
တရားဝင်ခွင့်ပြုထားသည်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်
(၁၀) ပြည်သူ့ဝန်ထမ်းများသည် မိမိလုပ်ငန်းတာဝန်ကိုသော်လည်းကောင်း၊ တာဝန်ခံဆောင်
ရွက်ရသောလုပ်ငန်းကိုသော်လည်းကောင်း ရှုပ်ထွေးမှုများဖြစ်စေရန် မသက်ဆိုင်သူများ
နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုရန်၊
(၁၁) ပြည်သူ့ဝန်ထမ်းများသည် အကတိလိုက်စားမှုများ၊ အလွဲသုံးစားပြုမှုများ၊ လိမ်လည်မှု
များ၊ ပျက်စီးပြုန်းတီးစေမှုများ မပြုလုပ်ရန်နှင့် ယင်းလုပ်ရပ်များသိရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အသိပေးတင်ပြရန်၊
(၁၂) ပြည်သူ့ဝန်ထမ်းများသည် မိမိတာဝန်ရှိသော အခွန်အခများ အခြားငွေကြေးတာဝန်
များကို ပေးဆောင်ရန်၊ နိုင်ငံသားတစ်ဦး၏ တာဝန်နှင့် ၀တ္တရားများကို လိုက်နာရန်၊
(၁၃) ပြည်သူ့ဝန်ထမ်းများသည် လုပ်ငန်းတာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် လူမျိုး
ရေး၊ ဘာသာရေး၊ အသားအရောင်၊ အသက်အရွယ်နှင့် ကျန်းမာရေးချို့တဲ့သူများအပေါ်
ခွဲခြားဆက်ဆံခြင်း နှိမ့်ချဆက်ဆံခြင်းများမပြုလုပ်ရန်၊
(၁၄) ပြည်သူ့ဝန်ထမ်းများသည် ဤပြဌာန်းထားသော ကျင့်ဝတ်စည်းကမ်းများကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ချိုးဖောက်ရာရောက်သော မည်သည့် ပြုလုပ်မှုကိုမှ မပြုလုပ်ရန်...တို့ဖြစ်ပါသည်။
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဟူသောဆောင်ပုဒ်နှင့်ညီစေရန် ပြည်ထောင်စု၊ အစိုးရအဆင့် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ ဌာနတစ်ခုဖွဲ့စည်း၍ ကျင့်ဝတ်သိက်ခာဥပဒေ၊ လုပ်ထုံးလုပ်နည်း များ ပြဌာန်းကာ ဆောင်ရွက်သင့်ပါကြောင်း.....။
ရှေ့နေ-မောင်ကံ