၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆို

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မြန်မာတနိုင်ငံလုံးမှာ ဒီနေ့ စတင်ဖြေဆိုနေကြပါတယ်။ အခုနှစ်မှာ အရင်နှစ်တွေလို တိုင်းနဲ့ပြည်နယ်အလိုက် မေးခွန်း ၁၀ စုံ မထုတ်တော့ပဲ ပြည်တွင်းဖြေဆို အားလုံးအတွက် မေးခွန်း(၁)စုံနဲ့ ပြည်ပကနေ ဖြေဆိုသူများအတွက် မေးခွန်း (၁) စုံပဲ ထုတ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ စာစစ်ဌာနပေါင်း ၁၄၀၀ ကျော် ဖွင့်လှစ်ထားပြီး အခုနှစ် စာမေးပွဲအတွက် ဖြေဆိုဖို့ လျှောက်လွှာတင်ထားသူ ဦးရေ ၆ သိန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကတဆင့် သိရှိရပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို မတ်လ ၉ ရက်ကနေ ၁၈ ရက်နေ့အထိ ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - လွင်မှိုင်း  

More News
Up