ယနေ့ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု လွန်ကဲအဆင့် ပိုတိုးဟု ဒေါက်တာထွန်းလွင် ပြော

ဓာတ်ပုံ - ဦးထွန်းလွင်ဖေ့စ်ဘွတ်ခ်။
မတ်လ ၉ ရက်နေ့မှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုနှုန်းဟာ လွန်ကဲအဆင့်တွေ ပိုတိုးလာနေတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ကော့သောင်းမှာ ၁၄ ဒသမ ၃ နဲ့ အမြင့်ဆုံးဖြစ်ပြီး ထားဝယ်မှာ ၁၃ ဒသမ ၅ နဲ့ မော်လမြိုင်နဲ့ ပုသိမ်တို့က ၁၃ ဒသမ ၂ အသီးသီးရှိကြပါတယ်။ ရန်ကုန်မြို့ဟာလည်း ၁၃ ဒသမ ၀ နဲ့ လွန်ကဲအဆင့်ထဲမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်တွေထက် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း တဖြည်းဖြည်း တိုးလာနေတာ တွေ့ရပါတယ်။ UV အညွှန်းကိန်း ၈ ရှိရင်တောင် အပြင်ထွက်ရင် အကာအကွယ်တခု မဖြစ်မနေ သုံးစွဲဖို့ ဆေးပညာရှင်တွေက ညွှန်ကြားထားပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားတွန့်တာ၊ အစက်အပြောက်ထင်တာ၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာတွေ ဖြစ်နိုင်ပါတယ်။ အခုမြို့တွေမှာ နေထိုင်တဲ့သူတွေ အနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း အပြင်မထွက်သင့်သလို မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကို အကာအကွယ်ပေးနိုင်မယ့် အ၀တ်အစားတွေ၊ ထီး၊ ဦးထုပ်နဲ့ ရောင်ခြည်ဒဏ်ခံနိုင်မယ့် နေကာမျက်မှန်တို့ကို အသုံးပြူကြဖို့ကိုလည်း ပညာရှင်တွေက ညွှန်ကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up