တူနီးရှားတွင် စစ်တပ်နှင့် ရဲတန်းလျားကို အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများ တိုက်ခိုက်

နယ်စပ်တွင် စောင့်ကြပ်နေသည့် တူနီးရှားစစ်သားများ။ (ဓာတ်ပုံ - ရိုက်တာ)
တူနီးရှားနဲ့ လစ်ဗျားနယ်စပ်နား တူနီးရှားနိုင်ငံအတွင်း ဘန်ဂွါဒန်မြို့မှာ စစ်တပ်နဲ့ ရဲတွေရဲ့ တန်းလျားကို အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေက မတ် ၇ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် အရပ်သားတွေ အပါအဝင် လူအယောက် ၃၀ သေဆုံးတယ်လို့ ဒေသခံတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ စစ်သွေးကြွတွေက စစ်တပ်နဲ့ ရဲစခန်းတွေကို တိုက်ခဲ့အပြီး စစ်သားတွေက စစ်သွေးကြွ ၂၁ ဦးကို သတ်ဖြတ်နိုင်ခဲ့သလို သူတို့ထဲက ၆ ဦးကို အရှင်ဖမ်းနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ အရပ်သား ၇ ဦး၊ စစ်သား ၁ ဦးနဲ့ အကောက်ခွန်ဌာန ဝန်ထမ်း ၁ ဦး သေဆုံးတယ်လို့ ဆေးရုံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ခိုက်သူတွေက နယ်စပ်ကိုဖြတ်ပြီး လာတာ ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် မတ် ၇ ရက်နေ့ တိုက်ခိုက်မှုဟာ တူနီးရှားအစိုးရ စိုးရိမ်နေတဲ့ စစ်သွေးကြွ စစ်ဆင်ရေးပုံစံ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ အိုင်အက်စ်စစ်သွေးကြွတွေက လစ်ဗျားနိုင်ငံထဲမှာ သူတို့ပိုင်နက်တွေကို တိုးချဲ့ခဲ့ပြီးပါပြီ။ အိုင်အက်စ်တွေက လစ်ဗျားကနေ တူနီးရှားဆီ နယ်ကျော်လာမယ့် ဖြစ်နိုင်ချေအတွက်  တူနီးရှားအစိုးရက ပြင်ဆင်ထားပါတယ်။

More News
Up