DVB Logo
Home
မြန်မာသတင်း
စစ်ပြေးရွာသားများကို အစိုးရ စစ်တပ်က ဆန်ထောက်ပံ့
DVB
·
August 8, 2011
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက တိုက်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ရွာသားတွေကို အစိုးရတပ်က ပြီးခဲ့တဲ့အပတ် သောကြာနေ့က ဆန်တွေ ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အစပိုင်းမှာ ခေးပွမ်းရွာက ဘုန်းကြီးကျောင်းကို ဆန်လှူမယ်လို့ ပြောပြီး ဆန်အိတ် ၅၀ ကျောင်းကို ရောက်လာတဲ့အခါ အဲဒီအနီးနားရွာက သူကြီးတွေကို သူတို့ရွာအတွက် လာယူခိုင်းတယ်။ နမ့်မော်ရွာကို ၁၁ အိတ်၊ ခုံထွန်ရွာကို ၃ အိတ်၊ နမ့်ဟိုရွာ ၁၅ အိတ်နဲ့ ၀မ့်မိုတ်ရွာက ၁၈ အိတ်ရတယ်၊ ဘုန်းကြီးကျောင်းအတွက် ၃ အိတ်ပဲ ကျန်တယ်။ ဒေသထဲမှာ တိုက်ပွဲတွေ ခဏခဏ ဖြစ်ပွားခဲ့ပေမယ့် ဗမာတပ်က ဆန်လာပေးတာ ဒါဟာ ပထမဆုံးပဲ၊ အရင်လက တိုက်ပွဲဖြစ်တာ ရွာပေါင်း ၂၀ လောက် အိမ်ပစ်ပြီး ထွက်ပြေးခဲ့ရတယ်။ အဲဒီတုန်းက အစိုးရတပ်က ရွာထဲဝင်စခန်းချပြီး ထင်းတွေ ဆပ်ပြာတွေ ယူသုံးတယ်၊ ကြက်တွေ ချက်စားတယ်။ အခုလို ဆန် ပြန်ဝေတော့ အထူးအဆန်း ဖြစ်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကစပြီး အစိုးရတပ်က ၀မ့်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်ကို ထိုးစစ်ဆင်ခဲ့ရာမှာ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားပြီး ဒေသခံ တထောင်ကျော် ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ရသလို စာသင်ကျောင်း ၁၅ ကျောင်းလည်း ပိတ်ခဲ့ရပါတယ်။

ဝမ်ဟိုင်းကို ၀ိုင်းထားတဲ့ အစိုးရတပ်တွေ တ၀က်ကျော်ပြန် ဆုတ်သွားတဲ့ နောက်ပိုင်း ရွာသားတချို့ အိမ်ပြန်လာပေမယ့် စာသင်ကျောင်းတွေ အကုန်ပြန် မဖွင့်နိုင်သေးပါဘူးလို့ ဆိုပါတယ်။

အစိုးရခန့် ဆရာမတွေကတော့ ကလေးတွေ ကျောင်းပြန်တက်အောင် စည်းရုံးဖို့ ၀မ့်ဟိုင်းကျောင်းမှာ ပြန်ရောက်နေပါပြီ။

ဝမ့်ဟိုင်းရွာကို ၀ိုင်းထားတဲ့ အစိုးရတပ်တွေ  ပြန်ရုပ်သွားပေမယ့်လည်း တပ်ရင်း ၆ ရင်းက စစ်သား ၅၀၀ ကျော်လောက် ကျန်သေးတယ်။

တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ကတော့ ဩဂုတ်လဆန်း ၃ ရက်ကနေ ၅ ရက်အထိ ကျေးသီး၊ မိုင်းရယ်၊ တန့်ယန်းဒေသထဲမှာ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်တို့ ခြုံခိုတိုက်ပွဲ ၄ ခါ ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013