Homeမြန်မာသတင်း
လှော်ကားကန်မှ ရန်ကုန်မြို့တွင်း ရေပေးဝေနေသည့် ကွန်ကရစ်ပိုက် ပြုပြင်စဉ် ရေပြတ်တောက်မည်
လှော်ကားကန်မှ ရန်ကုန်မြို့တွင်း ရေပေးဝေနေသည့် ကွန်ကရစ်ပိုက် ပြုပြင်စဉ် ရေပြတ်တောက်မည်
DVB
·
March 8, 2016
လှော်ကားရေကန်က ရန်ကုန်မြို့တွင်းကို ရေပေးဝေတဲ့ ၆၆ လက်မ ကွန်ကရစ်ရေပို့ပိုက်လိုင်းမှာ မတ် ၇ ရက် ညနေ ၄ နာရီက ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့လို့ အမြန် ပြန်လည်ပြုပြင်ဖို့ လှော်ကားရေတွန်းစက်ရုံရှိ ရေတွန်းစက်တွေ မောင်းနှင်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။
ပိုက်လိုင်းပြုပြင်နေစဉ် ကာလအတွင်း မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ မရမ်းကုန်း စတဲ့ နေရာတွေမှာ ရေပြတ်တောက်မှာ ဖြစ်ပါတယ်။
လှော်ကားကန်ကနေ ရေပေးဝေခြင်းသာ ခေတ္တရပ်ဆိုင်းခြင်းဖြစ်ပြီး ဂျိုးဖြူ၊ ဖူးကြီးနဲ့ ငမိုးရိပ် ရေလှောင်ကန်တွေက ရေပေးဝေတဲ့ နေရာတွေမှာ ပုံမှန်အတိုင်း ရေပေးဝေလျက်ရှိပြီး ပိုက်လိုင်းပြုပြင်နေစဉ် ကာလအတွင်း ရေချွေတာသုံးစွဲနိုင်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က အသိပေး နှိုးဆော်ထားပါတယ်။