တရုတ်တွင် ရှားပါးငှက်မျိုးစိတ်မှောင်ခို ၇ ဦးကို ပြစ်ဒဏ်စီရင်

ဓာတ်ပုံ - xxcb.cn
1.2K
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်းခရိုင် တရားရုံးမှာ ရှားပါးငှက်မျိုးစိတ်တွေကို ဖမ်းဆီးသတ်ဖြတ် မှောင်ခိုရောင်းဝယ်သူ ၇ ဦးကို မတ်လ ၇ ရက်နေ့က ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။
သူတို့ထဲက ဖန် အမည်ရတဲ့သူကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေယွမ် ၁ သောင်း (အမေရိကန်ဒေါ်လာ ၁၅၃၅)၊ ဟီနဲ့ ဇောင် အမည်ရတဲ့လူ ၂ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီနဲ့ ဒဏ်ငွေ ယွမ် ၁ သောင်းစီ ချမှတ်ခဲ့ပြီး ကျန်ကျူးလွန်သူ ၄ ဦးကတော့ ထောင်ဒဏ်တနှစ်ကနေ ၆ နှစ်ထိ ကျခံရမယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
သူတို့အဖွဲ့ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဒေါင်တင်းကန် သဘာဝဘေးမဲ့တော ဒီရေတော နေရာတွေမှာ ကျက်စားတဲ့ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ရှားပါးငှက်မျိုးစိတ်တွေကို အဆိပ်ခပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနဲ့ မှောင်ခိုလုပ်ငန်းတွေ လုပ်ခဲ့ကြတာပါ။
ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုဟာ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ဘဲငန်း၊ ငဟစ်နဲ့ တခြား ရှားပါးမျိုးစိတ် ငှက်သေတွေ တင်ဆောင်လာတဲ့ လှေတစီးကို ဖမ်းမိခဲ့ပြီးချိန်က စခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သဘာဝဘေးမဲ့တော ထိန်းသိမ်းနယ်မြေထဲမှာ ငှက်ကောင်ရေ ၆၀ ထက်မနည်း အဆိပ်ခပ် သတ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအထိ ချန်ဒဲမြို့ စားသောက်ဆိုင်တခုကို ရောင်းချခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။