DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့နယ်ကို မတူပီခရိုင်လက်အောက် မထည့်သွင်းရန် ချင်းပါတီတောင်းဆို
DVB
·
March 7, 2016
ပလက်ဝမြို့နယ်ကို မတူပီခရိုင်လက်အောက် မထည့်သွင်းရန် ချင်းပါတီတောင်းဆို
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို မတူပီခရိုင်အတွင်း ထည့်သွင်းဖွဲ့စည်းရေးမှာ ဒေသခံပြည်သူတွေရဲ့ သဘောထားကို အလေးထားဆုံးဖြတ်ဖို့ ချင်းတိုးတက်ရေးပါတီက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ပထမအကြိမ် လွှတ်တော်အတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က ဦးပိုင်လင်းက ပလက်ဝမြို့နယ်ကို ခရိုင်အဆင့် တိုးချဲ့ဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့ ပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ချင်းပြည်နယ်အစိုးရရဲ့သဘောထားကို ပြန်လည်မေးမြန်းရာမှာ ပလက်ဝမြို့နယ်ကို ခရိုင်အဆင့်တိုးမြှင့်ဖို့ မဆွေးနွေးဘဲ ပလက်ဝနဲ့ မတူပီမြို့နယ် ၂ ခုထဲက ဘယ်မြို့နယ်တွေကို ခရိုင်အဆင့်ပေးမယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်။

မတူပီနဲ့ ပလက်ဝမြို့နယ်နှစ်ခုထဲက ဘယ်မြို့နယ်ကို ခရိုင်ပေးသင့်လဲဆိုတာ မဲခွဲဆုံးဖြတ်ရာ မှာ မတူပီက ၁၁ မဲနိုင်အနိုင်ရပြီး ပလက်ဝက ၉ မဲနဲ့ ရှုံးနှိပ်ခဲ့ပါတယ်။

ဒါကြောင့် ပလက်ဝမြို့နယ်ဟာ မတူပီခရိုင်ထဲအလိုလို ရောက်သွားတဲ့သဘောဖြစ်ပြီး ဒေသခံတွအနေနဲ့ မင်းတပ်ခရိုင်ရဲ့ လက်အောက်ခံမှာ ဖြစ်စေချင်တာလို့ ချင်းတိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောပါတယ်။

“လက်ရှိ ပလက်ဝအနေအထားက မင်းတပ်ခရိုင်ကနေ ပလက်ဝကို လှမ်းကိုင်တာလေ။ အုပ်ချုပ်ရေးအရကော၊ ဌာနဆိုင်ရာအရ အကုန်လုံးက မင်းတပ်ခရိုင်ရဲ့လက်အောက်က သွားတာပေါ့လေ။ လမ်းပန်းဆက်သွယ်ရေး အရရော ဒေသခံတွေတွေက မတူပီခရိုင်ရဲ့ အုပ်ချုပ်ရေးအောက်မှာ သူတို့မနေချင်ဘူး။ မင်းတပ်ခရိုင်ရဲ့ အုပ်ချုပ်ရေး အောက်မှာပဲ သူတို့ ဆက်နေချင်တာ။ ဒါသူတို့ ဒေသခံတွေရဲ့အလိုပေါ့လေ။ အမှန်ကတော့ မတူပီခရိုင်ရရှိရေး ကျနော်တို့ကန့်ကွက်တာမဟုတ်ပါဘူး။ ချင်းပြည်နယ်လွတ်တော်က မဲခွဲဆုံးဖြတ်ပြီး ဆွေးနွေးတဲ့အဆိုကိုက မှားနေတာ။ လုပ်ထုံးလုပ်နည်းက မှားနေတာ။ ပလက်ဝက ခရိုင်တောင်းတယ်။ ခရိုင်ဆင့် တိုးမြှင့်သင့်မတိုးမြှင့် သင့်ကို ပြည်ထောင်စုလွှတ်တော် သဘောထားတောင်းတာကို ချင်းနယ်လွတ်တော်ကလည်း ခရိုင်အဆင့် တိုးမြှင့်သင့်၊ မတိုးမြှင့်သင့်ကိုပဲ ဆွေးနွေးသင့်တယ်။ အခုက ခရိုင်ကို ဘယ်မြို့ကိုပေးမလဲဆိုတဲ့အဆိုကို သူတို့က ပြောင်းပြန်လှည့်ပြီး ဆွေးနွေးလိုက်တော့ လုပ်ထုံးလုပ်နည်းက အကုန်မှား ကုန်တယ်။ ”

ချင်းပြည်နယ်လွှတ်တော် မဲခွဲဆုံးဖြတ်တဲ့ မှတ်တမ်းအရ မတူပီကို ခရိုင်အနေနဲ့တိုးမြှင့်ဖို့ရှိပြီး ပလက်ဝက အလိုအလောက် မတူပီရိုင်ထဲကို ရောက်မှာကို စိုးရိမ်တဲ့အတွက် ထုတ်ပြန် ကန့်ကွက်ရတာလို့လည်း ဦးရှိန်းထွန်းက ပြောပါတယ်။

“ပလက်ဝမြို့နယ်က မတူပီလက်အောက်မှာ မဖြစ်ခဲ့ဖူးဘူး။ ဖြစ်မယ့်သဘောမျိုးမှာ သွားဖြစ်နေတယ်။ ဒါကို ဒေသခံတွေက မကြိုက်ဘူး။ တကယ်လို့ မတူပီကို ခရိုင်ပေး လိုက်တယ်ဆိုရင် ပလက်ဝက မတူပီလက် အောက်မှာဖြစ်မှာ။  နဂိုကတည်းက ပလက်ဝက ချင်းပြည်နယ် ၉ မြို့နယ်နဲ့ လမ်းပန်းဆက်သွယ်လည်း လုံးဝမရှိ ဘူး။ ဆိုတော့ မတူပီက ခရိုင်ရပြီဆိုရင် ထည့်ဖို့ အစီစဉ်က ရှိပြီးသာ ဒါကြောင့် ကျနော်တို့က ကြားထဲက တားလိုက်ရတာပေါ့။ ”

ဒါ့ကြောင့် မကြာခင် တက်လာမယ့်အစိုးရသစ်အနေနဲ့ အစောပိုင်းက အဆိုတင်သွင်းခဲ့တဲ့ ပလက်ဝမြို့နယ်ကို ခရိုင်အဆင့်တိုးမြှင့်ရေးမတိုးမြှင့်ရေးကိုသာ ဆက်လက်ဆွေးနွေးစေချင် တယ်လို့လည်း ဦးရှိန်းထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013