DVB Logo
Home
မြန်မာသတင်း
အမည်မသိရေနေသတ္တ၀ါ သောင်းနှင့်ချီ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေပေါ် တက်လာ
DVB
·
March 7, 2016
အမည်မသိရေနေသတ္တ၀ါ သောင်းနှင့်ချီ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေပေါ် တက်လာ
1 / 4
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးကစ်ကမ်းခြေမှာ အမည်မသိရေနေသတ္တ၀ါတမျိုး  ထောင်နဲ့ချီ ကုန်းပေါ်တက်လာတယ်လို့ ဒေသခံများရဲ့အပြောကို ကိုးကားပြီး Sanook.com သတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မနက်က ဖူးခက် ကမ်ခြေနဲ့ မီတာ ၅၀၀ လောက်အကွာမှာ အရင်က တကြိမ်တခါမှ မတွေ့ဖူးသေးတဲ့ အရိုးမဲ့ ရေသတ္တ၀ါတမျိုး အကောင်ရေ ၁ သောင်းကျော် ကုန်းပေါ်တက်လာတာ တွေ့ရှိရကြောင်း ဒေသခံများရဲ့ အပြောကို ကိုးကားဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တချို့ဒေသခံတွေကလည်း အဲဒီအကောင်ဟာ သူ့ဖာသာတက်လာတာမဟုတ်ဘဲ လှိုင်းပုတ်လို့ ရောက်လာတာလို့ ပြောကြပါတယ်။

သတင်းထောက်တွေက ကမ်းခြေရှိရာသွားရောက်ပြီး ထူးဆန်းတဲ့အကောင်တွေကို ဗွီဒီယို၊ ဓာတ်ပုံ ရိုက်ယူကာ ဖူးကစ်ခရိုင် ကပ္ပလီပင်လယ်နဲ့ကမ်းစပ်ဆိုင်ရာသဘာဝ အရင်းအမြစ်ဖွံ့ဖြိုးရေး သုတေသနဌာနကို ပေးပို့ခဲ့ပါတယ်။

ညွှန်ကြားရေးမှူး နိုင်းဆုမ်ကစ် ခေါကလစ်ဝုန်းက ဒါဟာ ပင်လယ်မျှော့တမျိုးဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပြီး အမျိုးအစားအတိအကျကို သိရဖို့အတွက်တော့ ၀န်ထမ်းတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး  အဲဒီအကောင်တွေကို ဓာတ်ခွဲခန်းပို့ဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါအကောင်မျိုးဟာ လွန်ခဲ့တဲ့ ၂-၃ နှစ်ခန့်ကတော့ မလေးရှားနိုင်ငံကမ်းခြေပေါ်လည်း  တက်လာခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဖူးကစ်ဒေသခံတွေကတော့ ဒါဟာ ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပြီး မကြာခင် သဘာဝဘေးအန္တရာယ် ကျရောက်လာမှာကိုလည်း  စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖူးခက်ကမ်းခြေက နိုင်ငံခြားခရီးသွားဧည့်သည်တွေကတော့ ပုံမှန် အပမ်းဖြေရေ ကစားလျှက်ရှိကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်။

(ဓာတ်ပုံ - Sanook.com)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013