စက်လှေကားစီးလာသည့် သားအမိ ၂ ဦးအပေါ် လက်တွန်းလှည်းပြုတ်ကျပြီး ဒဏ်ရာရ (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟဘင်းမြို့မှ စူပါမားကက်တခုမှာ သားအမိနှစ်ဦးဟာ စက်လှေကား အသုံးပြုစဉ် နောက်က ဈေးဝယ်သူတဦး တွန်းလာတဲ့ လက်တွန်းလှည်း မတော်တဆပြုတ်ကျပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မှာ အပေါ်က လိမ့်ကျလာတဲ့ တွန်းလှည်းဟာ သူတို့သားအမိ နောက်ကို တွန်းမိခဲ့ပြီး လဲကျသွားခဲ့တာကို တွေ့ရပါတယ်။ ဇူအမည်ရ အဲဒီအမျိုးသမီးက သူဟာ ရုတ်တရက် မူးမေ့သွားခဲ့ပြီး သူ့သမီးရဲ့မျက်နှာမှာ သွေးတွေနဲ့ ဖုန်းနေခဲ့တယ်လို့ ပြောပါတယ်။ လက်တွန်းလှည်းကို တွန်းလာခဲ့သူဟာ လူငယ်တဦးဖြစ်ပြီး အဲဒီလိုဖြစ်ပြီးတဲ့နောက်မှာ ထွက်ပြေးသွားခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စူပါမားကက်အနေနဲ့ တာဝန်မယူနိုင်ဘဲ ဈေးဝယ်လက်တွန်းလှည်း သယ်ဆောင်လာတဲ့ လူငယ်မှာသာ တာဝန်ရှိတယ်လို့ ငြင်းဆိုလိုက်ပါတယ်။ ရဲတွေကတော့ အဲဒီလူငယ်ကို လိုက်လံရှာဖွေနေကြပြီး ဒါကို စူပါမားကက်က တာဝန်ယူသင့်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up