အီဘာကိုနိုင်ပြီး ဘာစီလိုနာ ၃၆ ပွဲ ရှုံးပွဲမရှိစံချိန် ဆက်ထိန်း (ရုပ်သံဟိုက်လိုက်)

2.3K
မတ် ၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုးတွေနဲ့ အီဗာအသင်းကို ၄ ဂိုးပြတ် အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်လို့ ဘာစီလိုနာဟာ ၃၆ ပွဲအထိ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
အဝေးကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘာကာအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်မှာ ဟတ်ဒါဒီက သွင်းယူပါတယ်။ ဒုတိယဂိုးကို ၄၁ မိနစ်မှာ မက်ဆီက သွင်းယူပါတယ်။
ဘာကာဟာ ကစားနေကြ ပုံစံအတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။
တတိယဂိုးကို မက်ဆီရဲ့ ထိုးဖောက်မှုကနေတဆင့် ပင်နယ်တီကနေ ရသွားပါတယ်။
အဲဒီပင်နယ်တီကို မက်ဆီကပဲ အမှားအယွင်းမရှိ သွင်းယူပါတယ်။
ဒီဂိုးဟာ မက်ဆီအတွက် ဒီရာသီထဲမှာ သွင်းတဲ့ ၂၁ ဂိုးမြောက်လည်း ဖြစ်ပါတယ်။
အပိတ်ဂိုးကို တိုက်စစ်မှူး ဆွာရက်က ၈၄ မိနစ်မှာ သွင်းယူပါတယ်။
နိုင်ပွဲဆက်တဲ့ ဘာကာက အမှတ်ပေးဇယားမှာ ၇၂ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာကအသင်းကို ၈ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။