Home
သတင်းဓာတ်ပုံ
ကသာခရိုင်တွင် ချားရဟတ်အဖွဲ့ပစ္စည်းများ တင်ဆောင်လာသည့်ကား တိမ်းမှောက် (သတင်းဓာတ်ပုံ)
DVB
·
March 7, 2016
12802941_1715102302039160_7112326614992343105_n
12801395_1715102348705822_7016492816466046101_n
12801268_1715102325372491_6478085277436849442_n
12795490_1715102408705816_7458249397956170050_n
12795329_1715102278705829_2223900181361964547_n
12718249_1715102382039152_2185368202493707919_n
8244_1715102262039164_7434222970556130216_n
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်ရေတွင်းရွာနဲ့ မဲဇာရွာကြားက မဲဇာချောင်းကူး တံတားပေါ်ကနေ မတ်လ ၆ ရက်နေ့က ချားရဟတ်အဖွဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ စိုးမိုးအောင်(ချားရဟတ်)အဖွဲ့က ပစ္စည်းတွေကို တင်ဆောင်ပြီး ဝန်းသို၊ နန်းခမ်း၊ မဲဇာကားလမ်းအတိုင်း မောင်းလာတဲ့ UD Nissan Condor ခြောက်ဘီး အဖြူရောင်ယာဉ်ဟာ မဲဇာယာယီကားကူးတံတားကို  ဖြတ်မောင်းနေရာက တံတားအလယ် အရောက်မှာ တံတားကျိုးကျပြီး မဲဇာချောင်းအတွင်းကို ပြုတ်ကျသွားခဲ့တာပါ။ လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာမရပေမယ့် ယာဉ်မောင်းကိုတော့ အင်းတော်မြို့မ ရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ ဒေသခံသတင်းထောက်က ပြောပါတယ်။ သတင်းဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024