Home
ဆောင်းပါး
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်ပုဂ္ဂိုလ်​ကျော်များ​ အပိုင်း​ ၃
DVB
·
August 8, 2011
လူ့​အခွင့်​အ​ရေး​ဆိုတဲ့​ စကား​လုံး​ဟာ သည်​နေ့​မှာဖြင့်​ လူတိုင်း​သုံး​တဲ့​ စကား​လုံး​ တလုံး​ ဖြစ်​နေပါပြီ။ ဒါ​ပေမယ့်​ သည်စကား​လုံး​ ​ပေါ်လာတာဟာ ကာလအား​ဖြင့်​ သိပ်မကြာ​သေး​ပါဘူး​။ လူ့​အခွင့်​အ​ရေး​နဲ့​တူတဲ့​ အခွင့်​အ​ရေး​တွေ နှစ်​ပေါင်း​ ​ထောင်နဲ့​ချီပြီး​ ရှိခဲ့​ပေမယ့်​ လူ့​အခွင့်​အ​ရေး​ဆိုတဲ့​ ​ဝေါဟာရကို စတင်သုံး​စွဲတာက​တော့​ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ နှစ်ရာ​လောက်ကမှ ဖြစ်ပါတယ်။ သည်စကား​လုံး​ကို စတင်သုံး​စွဲခဲ့​သူအဖြစ် အသတ်မှတ်ခံရတဲ့​ သူက​တော့​ အ​မေရိကန်​တွေး​ခေါ်ရှင်ကြီး​ ဟင်နရီ​ဒေး​ဗစ်​သောရိုး​ပါ။ ဆရာကြီး​သောရိုး​ရဲ့​ အ​တွေး​အ​ခေါ်​တွေဟာ အ​မေရိကန်ပြည်​ထောင်စုမှာသာမက ကမ္ဘာမှာပါ ယခုထက်တိုင် ဩဇာလွှမ်း​နေဆဲဖြစ်သလို နိုင်ငံ​ရေး​ လှုပ်ရှား​နေသူ​တွေအ​နေနဲ့​လည်း​ ​လေ့​လာ​နေရဆဲဖြစ်ပါတယ်။ [caption id="attachment_13844" align="alignleft" width="300" caption="အမေရိကန်​တွေးခေါ်ရှင် ဟင်နရီဒေးဗစ်သောရိုး​"][/caption] မြန်မာ့​နိုင်ငံ​ရေး​ ​လောကမှာဆိုရင်လည်း​ ဆရာကြီး​သောရိုး​ရဲ့​ အယူအဆတရပ်​ကြောင့်​ စစ်အစိုး​ရနဲ့​ အတိုက်အခံ ​ခေါင်း​ဆောင်​တွေအကြား​ တင်း​မာမှု​တွေ ဖြစ်ပွား​ခဲ့​ရပါတယ်။ ၁၉၈၉ ဝန်း​ကျင်မှာ အတိုက်အခံ နိုင်ငံ​ရေး​ခေါင်း​ဆောင်များ​ဖြစ်ကြတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​ဝင်း​တင် စသူများ​က နိုင်ငံ​ရေး​ဆောင်ပုဒ်တခုကို ကိုင်စွဲပြီး​ စစ်အစိုး​ရကို စိန်​ခေါ်ခဲ့​တဲ့​ ဖြစ်ရပ်မှာ ဆရာကြီး​သောရိုး​ရဲ့​ ကမ္ဘာ​ကျော် အယူအဆကို အသုံး​ပြုခဲ့​တာ ဖြစ်ပါတယ်။ ဒါက​တော့​ “မတရား​တဲ့​ အမိန့်​အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့​ ​ဆောင်ပုဒ် ဖြစ်ပါတယ်။ ဒီ​ဆောင်ပုဒ်ကို ကြား​ရတဲ့​အခါမှာ စစ်အစိုး​ရဟာ အလွန်​ကြောက်ရွံ့​တုန်လှုပ်သွား​ပြီး​ အတိုက်အခံ​ခေါင်း​ဆောင်များ​ကို ​ထောင်သွင်း​ အကျဉ်း​ချခဲ့​ပါတယ်။ ဒီလိုနဲ့​ပဲ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ကျခဲ့​ရသလို သတင်း​စာဆရာကြီး​ ဦး​ဝင်း​တင်ဟာလည်း​ အကျဉ်း​ထောင်အတွင်း​မှာ အနှစ်နှစ်ဆယ် ​နေထိုင်ခဲ့​ရပါတယ်။ မတရား​တဲ့​အမိန့်​အာဏာ​တွေကို မလိုက်နာဘဲ အာခံဆန့်​ကျင်​ရေး​ဟာ နိုင်ငံသား​တိုင်း​ရဲ့​တာဝန်ဖြစ်တယ်လို့​ ​ရေး​သား​ဟော​ပြောခဲ့​သူ ဆရာကြီး​ ဟင်နရီ​ဒေး​ဗစ်​သောရိုး​ကို ၁၈၁၇ ခုနှစ် ဇူလိုင် ၁၂ ရက်မှာ ​မွေး​ပါတယ်။ အ​မေရိကန် ပြည်​ထောင်စု နယူး​အင်္ဂလန်​ဒေသ မက်ဆာချူး​ဆက်ပြည်နယ်အတွင်း​က ကွန်​ကော့​မြို့​မှာ ​မွေး​ဖွား​ပါတယ်။ သူ့​မိဘများ​က သာမန်လူတန်း​စား​ဖြစ်ပါတယ်။ ​သောရိုး​ဟာ ဟား​ဗဒ်တက္ကသိုလ်မှာ အသက် ၂၀ အရွယ်အထိ ပညာသင်ကြား​ခဲ့​ပါတယ်။ ​နောက်​တော့​ ​မွေး​ရာဇာတိကို ပြန်လာပြီး​ အစ်ကိုဖြစ်သူနဲ့​ စာသင်​ကျောင်း​ထောင်ပါတယ်။ သူတို့​ကျောင်း​မှာ တခြား​ကျောင်း​တွေနဲ့​ မတူတဲ့​ သင်ရိုး​တွေ ပါရှိခဲ့​တယ်လို့​ ဆိုတယ်။ ဥပမာ ​တောအုပ်အတွင်း​မှာ လမ်း​လျှောက်တာမျိုး​၊​ ​ဈေး​ဆိုင်​တွေကို သွား​ရောက်တာမျိုး​တွေ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ အစ်ကိုဖြစ်သူ ​သေဆုံး​သွား​တဲ့​အတွက် စာသင်​ကျောင်း​ဟာ ခဏနဲ့​ပဲ ရပ်ဆိုင်း​သွား​ခဲ့​ပါတယ်။ နောက်​တော့​ ​သောရိုး​ဟာ ​တွေး​ခေါ်ပညာရှင်စာ​ရေး​ဆရာကြီး​ အီမာဆင်နဲ့​ သိကျွမ်း​ပြီး​ စာ​ပေများ​ စတင်​ရေး​သား​ခဲ့​ပါတယ်။ ​သေဆုံး​သွား​တဲ့​အထိ ​သောရိုး​ဟာ စာ​ရေး​ခဲ့​တာဖြစ်တဲ့​အတွက် အခုဆိုရင် ​သောရိုး​လက်​ရွေး​စင်​ပေါင်း​ချုပ်စာ​ပေဟာ အတွဲ ၂၀ ​ကျော်ရှိပါတယ်။ သောရိုး​ဟာ အီမာဆင်နဲ့​ ခင်မင်သိကျွမ်း​ရင်း​ အကျင့်​သီလစိတ်ကို ဦး​စား​ပေး​တဲ့​ အ​တွေး​အ​ခေါ်ကို လက်ခံခဲ့​ပါတယ်။ သူကိုယ်တိုင်ကလည်း​ အလွန်ရိုး​စင်း​ပြီး​ သဘာဝ​လောကကြီး​နဲ့​လိုက်​လျောညီ​ထွေ ​နေထိုင်တတ်ပါတယ်။ သူ့​ဘဝဟာ များ​သောအား​ဖြင့်​ ​တောရပ်​ဒေသမှာ တကိုယ်တည်း​ ​နေထိုင်ရင်း​ ကုန်လွန်ခဲ့​တာ ဖြစ်ပါတယ်။ သူက ရိုး​စင်း​စွာ ​နေထိုင်ခြင်း​သည်ပင် သဘာဝကျကျ ​နေထိုင်ခြင်း​၊​ ငြိမ်း​ချမ်း​စွာ ​နေထိုင်ခြင်း​လို့​ ခံယူထား​သူ ဖြစ်ပါတယ်။ သောရိုး​ဆိုတဲ့​လူဟာ ဘာ စီး​ပွား​ရေး​အလုပ်ကိုမှ လုပ်တဲ့​သူ မဟုတ်ဘူး​။ အိမ်​ထောင်လည်း​မပြု၊​ ဘုရား​ကျောင်း​လည်း​မသွား​၊​ မဲလည်း​မထည့်​၊​ အခွန်လည်း​မ​ဆောင်၊​ ​နောက်ပြီး​ အသား​လည်း​ မစား​သလို အရက်တို့​ ​ဆေး​လိပ်တို့​လည်း​ မသုံး​စွဲ၊​ အမဲလိုက်တဲ့​ အလုပ်မျိုး​လည်း​ မလုပ်၊​ သဘာဝကို ချစ်မြတ်နိုး​တယ်၊​ ရိုး​စင်း​တဲ့​အ​တွေး​အ​ခေါ်ကို လက်ခံကျင့်​သုံး​သူဖြစ်တယ် စသဖြင့်​ သူ့​မိတ်​ဆွေကြီး​ အီမာဆင်က သုံး​သပ်​ပြောဆိုပါတယ်။ ဒါ​ပေမယ့်​ ​သောရိုး​ဟာ အ​တွေး​အ​ခေါ်ထဲမှာ နစ်​မျော​နေတဲ့​ သူမျိုး​ မဟုတ်ပါဘူး​။ ​လေး​နက်တဲ့​ အ​တွေး​အ​ခေါ်ထဲမှာ နစ်မွန်း​ပြီး​ ပတ်ဝန်း​ကျင်ကို လျစ်လျူရှုတတ်တဲ့​ ​တောမှီရ​သေ့​မျိုး​ မဟုတ်ပါဘူး​။ ​တွေး​ခေါ်ရှင် စစ်စစ်ဖြစ်ဖို့​အတွက် ကိုယ့်​အ​တွေး​အ​ခေါ်အတိုင်း​ ကျင့်​ကြံ​နေထိုင်ပြရမှာ ဖြစ်သလို ဘဝပြဿနာ​တွေကိုလည်း​ လက်​တွေ့​ဖြေရှင်း​ပေး​ရမယ်လို့​ ဆရာကြီး​သောရိုး​က ဆိုပါတယ်။ သည်လို လက်​တွေ့​ကျတဲ့​ အ​တွေး​အ​ခေါ်​တွေကတဆင့်​ နိုင်ငံ​ရေး​အာခံမှု (Civil Disobedience) ဆိုတဲ့​ ကမ္ဘာ​ကျော် နိုင်ငံ​ရေး​စာတမ်း​ကြီး​ ​ပေါ်​ပေါက်လာတာ ဖြစ်ပါတယ်။ သည်စာတမ်း​ကြီး​ ဖြစ်​ပေါ်လာပုံက​တော့​ သည်လိုပါ။ ဆရာကြီး​သောရိုး​ဟာ အသက် ၂၅ နှစ်အရွယ်​ရောက်​တော့​ သူ့​ဇာတိမြို့​ရဲ့​ အစွန်အဖျား​ ​တောအုပ်က​လေး​ထဲမှာ တကိုယ်တည်း​ ​နေထိုင်​နေပါတယ်။ သဘာဝကို ချစ်မြတ်နိုး​သူဖြစ်တဲ့​အတိုင်း​ ​တောအုပ်က​လေး​ထဲမှာ ​နေရတာကို ​ပျော်​မွေ့​တဲ့​သူပါ။ ဒီလို ​အေး​အေး​လူလူ​နေထိုင်ရင်း​ ​နောက်တနှစ်အကြာမှာ သူ့​ဆီကို အစိုး​ရရဲ့​ အ​ကောက်ခွန် အရာရှိတ​ယောက် ​ရောက်လာပါတယ်။ ဒီအ​ကောက်ခွန်အရာရှိက ​သောရိုး​ထံက​နေပြီး​ ​ခြောက်နှစ်စာ အခွန်အတုပ်ကို ​တောင်း​ပါတယ်။ ဆရာကြီး​သောရိုး​ဟာ စီး​ပွား​ရေး​သမား​လည်း​ မဟုတ်သလို ပိုင်ဆိုင်မှုလည်း​ ဘာမှ မရှိတဲ့​အတွက် အမြတ်ခွန်ရယ်လို့​ ​ပေး​ဆောင်စရာ မရှိ​ပေမယ့်​ အဲဒီတုန်း​က ​ပေး​ရတဲ့​ လူခွန်တမျိုး​ကို​တော့​ ​ပေး​စရာ ရှိ​နေပါတယ်။ ဒီလူခွန်ကို Poll Tax လို့​ ​ခေါ်ပါတယ်။ မဲထည့်​ခွင့်​အတွက် ​ပေး​ရတဲ့​ အခွန် ဖြစ်ပါတယ်။ ဒီအခွန်ကို ​ပေး​တဲ့​သူမှ မဲထည့်​ခွင့်​ရပြီး​ သည်အခွန်မ​ပေး​ရင် မဲထည့်​ခွင့်​ မရပါဘူး​။ ဆရာကြီး​ ​သောရိုး​က အုပ်ချုပ်​နေတဲ့​ အစိုး​ရကို သ​ဘောမကျတဲ့​သူ ဖြစ်ပါတယ်။ အဲဒီအချိန်က အ​မေရိကန်အစိုး​ရဟာ မက္ကဆီကိုနဲ့​ စစ်ဖြစ်​နေသလို ကျွန်​ရောင်း​ကျွန်ဝယ် စနစ်ကိုလည်း​ လက်ခံ​နေတဲ့​ အစိုး​ရပါ။ ဒါကို ​သောရိုး​က လုံး​ဝ ဆန့်​ကျင်ပါတယ်။ ဒါ​ကြောင့်​ ဒီလိုအစိုး​ရအသက်ရှည်​ရေး​ကို အ​ထောက်အပံ့​ဖြစ်​စေမယ့်​ အ​ကောက်ခွန်ကို လုံး​ဝ မ​ပေး​ချင်ပါဘူး​။ ​ပေး​ရမယ့်​ အ​ကောက်ခွန်က ​ပြောပ​လောက်တာ မဟုတ်​ပေမယ့်​ သူက မ​ပေး​ဘူး​လို့​ အ​ကောက်ခွန်အရာရှိကို ​ပြောလိုက်ပါတယ်။ အ​ကောက်ခွန်အရာရှိက ဒါဆိုရင် ​ထောင်ထဲမှာ ​နေရလိမ့်​မယ်ဆို​တော့​ ဆရာကြီး​သောရိုး​က မဆိုင်း​မတွဘဲ ​ထောင်ထဲကို ပို့​ဖို့​ ​ပြောပါတယ်။ ဒီလိုနဲ့​ ဆရာကြီး​သောရိုး​ဟာ အစိုး​ရကို အာခံမှုနဲ့​ ​ထောင်ထဲ ​ရောက်သွား​တာပါ။ ဒါ​ပေမယ့်​ သူ့​ရဲ့​ အ​ဒေါ်တ​ယောက်က သူ​ပေး​ဆောင်စရာရှိတဲ့​ အခွန်ကို ​ပေး​လိုက်တဲ့​အတွက် ​ထောင်ထဲမှာ တညပဲ အိပ်လိုက်ရပြီး​ ပြန်ထွက်လာရပါတယ်။ ဒီဖြစ်ရပ်အ​ပေါ်မှာ သူ့​မိတ်​ဆွေ အီမာဆင်နဲ့​ သူဟာ သ​ဘောထား​ချင်း​ ကွဲလွဲခဲ့​ပါတယ်။ ဒီ​လောက် ​ငွေက​လေး​နဲ့​ ​ထောင်ထဲဝင်တာကို အီမာဆင်က သ​ဘောမကျပါဘူး​။ တကယ့်​ပြဿနာကိုလည်း​ မ​ပြေလည်​စေနိုင်ဘူး​လို့​ အီမာဆင်က ယူဆပါတယ်။ ဒါ​ပေမယ့်​ ​သောရိုး​က​တော့​ အစိုး​ရရဲ့​ မတရား​မှု​တွေနဲ့​ မှား​ယွင်း​မှု​တွေကို ရဲရဲဝံ့​ဝံ့​အာခံဆန့်​ကျင်ဖို့​ အ​ရေး​ဟာ နိုင်ငံသား​ကောင်း​ တ​ယောက်ရဲ့​ တာဝန်ပဲလို့​ ခံယူပါတယ်။ ဒါ​ကြောင့်​ အီမာဆင်က သူ​ထောင်ကျတဲ့​နေရာကိုလာပြီး​ ​သောရိုး​ရယ် မင်း​ဘာ​ကြောင့်​ ​ထောင်ထဲဝင်ရတာတုန်း​လို့​ ​မေး​တော့​ ​သောရိုး​ကလည်း​ အီမာဆင် ခင်ဗျား​က​ရော ဘာ​ကြောင့်​ ​ထောင်ပြင်မှာ ​နေ​နေရတာတုန်း​လို့​ ပြန်​ပြောခဲ့​ပါတယ်။ ထောင်ထဲမှာ တညတာ ​နေလိုက်ရတာဟာ ​သောရိုး​အတွက် နိုင်ငံ​ရေး​အယူအဆတရပ်ကို ​ဖော်ထုတ်ဖို့​ တွန်း​အား​ပေး​လိုက်တာပါပဲ။ ​နောက် တနှစ်​ကျော် နှစ်နှစ်နီး​ပါး​အကြာမှာ အစိုး​ရနဲ့​ ဆက်နွှယ်​နေတဲ့​ နိုင်ငံသား​တို့​ရဲ့​ ရပိုင်ခွင့်​နဲ့​ တာဝန်ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ ​ဟော​ပြောပွဲကို လုပ်ပါတယ်။ ဒီ​ဟော​ပြောပွဲမှာ ​ပြောခဲ့​တာ​တွေကို ပြင်ဆင်မွမ်း​မံပြီး​ နိုင်ငံ​ရေး​အာခံမှု စာတမ်း​ကြီး​ကို ၁၈၄၉ ခုနှစ်မှာ ​ရေး​သား​ ထုတ်​ဝေခဲ့​ပါတယ်။ ဒီစာတမ်း​မှာ အစိုး​ရနဲ့​ နိုင်ငံသား​အကြား​က ဆက်ဆံ​ရေး​အ​ကြောင်း​ ​ရေး​သား​ထား​ပါတယ်။ အ​ကောင်း​ဆုံး​အစိုး​ရဆိုသည်မှာ ထိန်း​ချုပ် ကွပ်ညှပ်မှု အနည်း​ဆုံး​ အစိုး​ရ ဖြစ်သည်လို့​ ​သောရိုး​က ဆိုပါတယ်။ အစိုး​ရက ထုတ်ပြန်တဲ့​ အမိန့်​တွေ ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေ​တွေဟာ အမှန်တရား​ကို ကိုယ်စား​ပြုတာ မဟုတ်ဘဲ အုပ်စိုး​သူ​တွေရဲ့​ အကျိုး​စီး​ပွား​ကို ကာကွယ်​စောင့်​ရှောက်ဖို့​သာ အဓိက ဖြစ်တယ်။ ဒါ​ကြောင့်​ အုပ်ချုပ်ခံ တိုင်း​သူပြည်သား​များ​အ​နေနဲ့​ အစိုး​ရထုတ်ပြန်တဲ့​ အမိန့်​တိုင်း​ ဥပ​ဒေတိုင်း​ကို လိုက်နာစရာမလိုဘူး​။ လိုက်နာခြင်း​ဟာ ကိုယ့်​ရဲ့​ အကျင့်​သီလစိတ်ကို အဆုံး​ရှုံး​ခံလိုက်ခြင်း​ဖြစ်တယ်။ အကျင့်​သီလစိတ်ကို ဆုံး​ရှုံး​သွား​တာဟာ လူသား​ တ​ယောက်အဖြစ်က ဆုံး​ရှုံး​သွား​ခြင်း​ဖြစ်တယ်လို့​ ​သောရိုး​က ​ပြောပါတယ်။ ဒါ​ကြောင့်​ အကျင့်​သီလစိတ်ရှိတဲ့​ လူသား​တ​ယောက်ဟာ မတရား​တဲ့​ ဥပ​ဒေ​တွေကို ထုတ်ပြန်ပြီး​ သက်ဆိုး​ရှည်​နေတဲ့​ အစိုး​ရကို ရပ်တန့်​သွား​အောင် လုပ်ရမယ်။ အစိုး​ရဟာ စက်ယန္တရား​တခုနဲ့​ တူတယ်။ ဒီစက်ယန္တရား​ကို ရပ်တန့်​အောင်လုပ်ဖို့​ နိုင်ငံသား​တိုင်း​မှာ တာဝန်ရှိတယ်။ ဒီတာဝန်ဆိုတာက အစိုး​ရဆိုး​များ​ ထုတ်ပြန်တဲ့​ ဥပ​ဒေ​တွေကို အာခံချိုး​ဖောက်ဖို့​ပဲလို့​ ​ပြောပါတယ်။ သောရိုး​ဟာ သူ့​ဆီက အခွန်လာ​ကောက်တဲ့​ အစိုး​ရဝန်ထမ်း​ကိုလည်း​ အစိုး​ရ​ကောင်း​တရပ် ဖန်တီး​ဖို့​ ဝန်ထမ်း​များ​မှာ တာဝန်ရှိ​ကြောင်း​ ရှင်း​ပြခဲ့​ပါတယ်။ သူ့​ဆီမှာ အခွန်လာ​ကောက်တဲ့​သူက ​သောရိုး​ဆီက အခွန်ကို မရတဲ့​အခါ သူ ဘာဆက်လုပ်ရမလဲလို့​ ​မေး​ပါတယ်။ ​သောရိုး​က နိုင်ငံသား​ကောင်း​တ​ယောက်အ​နေနဲ့​ အစိုး​ရဝန်ထမ်း​အဖြစ်က နုတ်ထွက်ပစ်လိုက်ပါလို့​ အကြံ​ပေး​လိုက်ပါတယ်။ အစိုး​ရ ဝန်ထမ်း​အဖြစ်နဲ့​ မတရား​တဲ့​ ဥပ​ဒေ​တွေကို ပြည်သူ​တွေလိုက်နာ​အောင် လုပ်​နေမယ့်​အစား​ ဝန်ထမ်း​ဘဝက နုတ်ထွက် ပစ်လိုက်တာက လူသား​ရဲ့​ ဂုဏ်သိက္ခာနဲ့​ ပိုပြီး​ညီညွတ်တယ်လို့​ ယူဆပါတယ်။ သောရိုး​ကိုယ်တိုင် ​ထောင်ကျခံရဲခဲ့​တာဟာ ဒီလို လူ့​ဂုဏ်သိက္ခာကို ပဓာနထား​တဲ့​ အယူအဆကို ကိုင်စွဲပြီး​ ​ထောင်ကျခံခဲ့​တာ ဖြစ်ပါတယ်။ သူ့​ရဲ့​ အယူအဆက သည်လိုပါ။ အစိုး​ရ​တွေဟာ ဘယ်​လောက်အင်အား​ရှိတယ်​ပြော​ပြော လူတ​ယောက်ရဲ့​ စိတ်ဓာတ်အင်အား​ကို​တော့​ မယှဉ်နိုင်ဘူး​တဲ့​။ အစိုး​ရရဲ့​ အင်အား​ဟာ ရုပ်ပိုင်း​ဆိုင်ရာ အင်အား​သာဖြစ်ပြီး​ လူသား​ရဲ့​ ကြီး​ကျယ်မြင့်​မြတ်တဲ့​ စိတ်ဓာတ်အင်အား​ကို မထိပါး​နိုင်ပါဘူး​တဲ့​။ လူသား​တ​ယောက်အ​နေနဲ့​ အမှန်တရား​ကို ဦး​စား​ပေး​ခြင်း​အား​ဖြင့်​သာ လွတ်လပ်မှုကို ရရှိမှာဖြစ်ပြီး​ အစိုး​ရကို ​ကြောက်လန့်​တဲ့​အတွက် မှား​ယွင်း​တဲ့​ ဥပ​ဒေ​တွေကို လိုက်နာ​နေရင် လွတ်လပ်မှုက ဆုံး​ရှုံး​သွား​ပြီး​ ​ကျေး​ကျွန်ဘဝသို့​ ကျ​ရောက်သွား​ပါ တယ်တဲ့​။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024