အာဏာလွှဲပြောင်းရေးကို ပြည်သူ့လွှတ်တော်မှာ လုပ်မယ် – ဦးဉာဏ်ဝင်း (ရုပ်သံ)

အစိုးရသစ်ကိုအာဏာလွှဲပြောင်းရေးအစီအစဉ်ကို  ပြည်သူ့လွှတ်တော်မှာပဲ ကျင်းပပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက အတည်ပြုပြောကြားလိုက်ပါတယ်။ နေပြည်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပါတီထိပ်တန်းခေါင်းဆောင်တွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီနေ့ကျင်းပခဲ့ပြီးနောက် သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။ “အစည်းအဝေးမှာ ပထမဆုံး ပြောစရာတခုပဲ ရှိတယ်။ ကျနော်တို့  အာဏာလွှဲပြောင်းရေးကို ပြည်သူ့လွှတ်တော်မှာ လုပ်မယ် ဒါတခု။  နောက်သမ္မတ ကိစ္စတွေ ဘာတွေနဲ့ ပတ်သက်ပြီး ကျနော်ပြောစရာ ဘာမှမပါဘူး။ ဆွေးနွေးတာတွေအများကြီးပါ။  ရှေ့လာမယ့် အစိုးရမှာ လုပ်မယ့်အလုပ်တွေ ဆွေးနွေးတာ။  ဆုံးဖြတ်ချက် တခုမှမရှိဘူး။” အစည်းအဝေးတက်ရောက်လာသူတွေထဲမှာ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဋ္ဌေးကြွယ် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး ပါဝင်ပါတယ်။

More News
Up