DVB Logo
Home
မြန်မာသတင်း
မျှော်​စင်​ကျွန်း​က​ ​ရန်​ပုံ​ငွေ​ ​ဖျော်​ဖြေ​ပွဲ​တွင်​ ကို​ဇေ​ယျာ​သော်​ကို​ ​သီ​ချင်း​သီ​ဆို​ခွင့်​​ ​ပိတ်
DVB
·
August 6, 2011
မျှော်​စင်​ကျွန်း​က​ ​ရန်​ပုံ​ငွေ​ ​ဖျော်​ဖြေ​ပွဲ​တွင်​ ကို​ဇေ​ယျာ​သော်​ကို​ ​သီ​ချင်း​သီ​ဆို​ခွင့်​​ ​ပိတ်
1 / 2
Donate to DVB

ဆည်းဆာရိပ် ဘိုးဘွားရိပ်​သာ​အ​တွက်​ ရန်ပုံငွေအဖြစ်​ မျှော်စင်ကျွန်းမှာ ဒီကနေ့ ကျင်ပမယ့် ဖျော်ဖြေပွဲတခုမှာ ဟစ်ဟော့ အဆိုတော် ကိုဇေယျာသော်ကို သီချင်း သီဆိုခွင့် ပိတ်ပင်ခဲ့​တယ်လို့ ကိုဇေယျာသော်က ပြောပါတယ်။

“အနုပညာရှင်တွေကို အနုပညာလုပ်ကိုင်ခွင့် ပိတ်တယ်ဆိုတာက ဟိုးအရင် မဆလခေတ်ကနေ စပြီးတော့ န၀တ၊ နအဖ ဒီလိုမျိုး အာဏာရှင် အဆက်ဆက်က လုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေဗျ။ အခု လက်ရှိ တည်ဆဲ အစိုးရအနေနဲ့ မိမိကိုယ်မိမိ Democratic goverment လို့ ကြေညာထားပြီးမှ အရင်လိုပုံစံမျိုး ကျင့်သုံးနေမယ်ဆိုရင် ကျနော်တို့ အနေနဲ့ မေးခွန်းထုတ်စရာတွေ ရှိလာတာပေါ့ဗျာ။ ကျနော့်အနေနဲ့ ဘယ်သူကပိတ်တယ်၊ ဘာကြောင့် ပိတ်တယ်ဆိုတာတွေကို သိရှိအောင် ဆက်ပြီး ကြိုးစားသွားဖို့ အစီအစဉ် ရှိပါတယ်။”

ဒဂုံမြို့သစ် မြောက်ပိုင်းမှာ ရှိတဲ့ ဆည်းဆာရိပ် ဂီလာန  ဘိုးဘွားတွေ အတွက် အလှူဒါန ပြုဖို့ ဆည်းဆာအလှ ဖန်တီးကြသူများ ဆိုတဲ့ ဖျော်ဖြေပွဲတခုကို မျှော်စင်ကျွန်းမှာ ဒီကနေ့ ညနေ ၃​ နာရီမှာ စ​တင်​ ကျင်းပဖို့ စီစဉ်ခဲ့တာပါ။ ဒီဖျော်ဖြေပွဲကို ကျင်းပခွင့်ပြုခဲ့ပြီးမှ မကျင်းပခင် တရက်အလိုမှာ ကိုဇေယျာသော် ပါဝင်သီဆိုမယ်ဆိုရင် ပွဲပြုလုပ်ခွင့်ပါမစ်ကို ပြန်လည် ရုတ်သိမ်းရမယ်လို့ မင်္ဂလာတောင်ညွန့်က အာဏာပိုင်တွေက အကြောင်းကြားပါတယ်။ အဲဒီအတွက် ကိုဇေယျာသော်ကို ချန်လှပ်ပြီး ပွဲကို ကျင်းပပါ့မယ်လို့ ပွဲစီစဉ်သူတွေက ၀န်ခံလက်မှတ် ထိုးခဲ့ရတယ်လို့ ကိုဇေယျာသော်က ပြောပါတယ်။

သီဆိုဖျော်ဖြေမယ့် သူတွေကလည်း အနုပညာကြေး မယူဘဲ သီဆိုကြတာ ဖြစ်သလို ၀င်းကြေးအခမဲ့ အဖြစ် သတ်မှတ်ကာ စေတနာရှင်တွေရဲ့ အလှူငွေတွေကိုပဲ လက်ခံသွားမယ်လို့ သိရပါတယ်။ တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်တဲ့ ဂီလာန ဘိုးဘွားတွေအတွက် ရန်ပုံငွေအဖြစ် ပြုလုပ်တဲ့ပွဲမှာ ပါဝင်သီဆိုခွင့် ပိတ်ပင်ခံရပေမယ့်လည်း ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီသွားမယ်လို့လည်း ကိုဇေယျာသော်က ဆိုပါတယ်။

“ပြည်သူတွေရဲ့ အခက်အခဲကို သက်ဆိုင်ရာတွေက မဖြေရှင်းပေးတဲ့အတွက် ပြည်သူတွေကိုယ်တိုင်က ၀င်ရောက် ဖြေရှင်းနေရတာလို့ ကျနော်မြင်ပါတယ်။ ကျနော်သီဆိုရသည် ဖြစ်စေ၊ မသီဆိုရသည် ဖြစ်စေ၊ ဒီပွဲ ချောချောမွေ့မွေ့၊ အောင်အောင်မြင်မြင် ဖြစ်ဖို့အတွက် ကျနော် တတ်စွမ်းနိုင်သရွေ့ ကြိုးစားပြီး လုပ်ဆောင်သွားမှာပါ။ ဒီရှိုးပွဲ မတိုင်ခင် အရှေ့မှာ ကျနော်နဲ့ ပတ်သတ်ပြီး အင်တာဗျူးထားတာတွေ ထည့်သွင်းခြင်း မပြုရဘူးဆိုပြီး ကျနော်ကြားရပါတယ်။ ကျနော့်အနေနဲ့တော့ အခြားအခြား အနုပညာ အလုပ်တွေ လုပ်ထားတာမျိုး မရှိပါဘူး။”

ပါဝင် သီဆိုသူတွေကတော့ ကိုအောင်နိုင်၊ ချစ်ကောင်း၊ ဆောင်းဦးလှိုင်၊ ကိုသားထွေး၊ နန္ဒဧရာ၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဂျေးမီ၊ ဂျီတုန်း၊ ရသ၊ ဘိုလေး၊ ချမ်းအေးဝင်း၊ ဆလိုင်း၊ ဘစ်ဘတ်အဖွဲ့နဲ့ တခြား ဟစ်ဟော့နဲ့ မော်ဒန်ရော့ခ် အဖွဲ့တွေ အပြင်၊ ရတနာ၊ မေခလာ၊ သျှီ၊ ဆုန်သင်းပါ၊ ရတနာမိုင်၊ စန္ဒီမြင့်လွင် စတဲ့ နံမည်ကြီး အဆိုတော်တွေ အပါအ၀င် တခြား အဆိုတော် တော်တော်များများလည်း ပါဝင် သီဆိုကြမယ်လို့  သိရပါတယ်။

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ဦးစီး တည်ထောင်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013