Sunday, May 28, 2023
HomeLead Storyအန်အယ်လ်ဒီအစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနများ လျော့ချမည်

အန်အယ်လ်ဒီအစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနများ လျော့ချမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရသစ် လက်ထက်မှာ ၀န်ကြီးဌာနတွေကို လျှော့ချသွားမယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

နေပြည်တော် စည်ပင်ရိပ်သာမှာ ဒီနေ့ နေ့လယ်ပိုင်းက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

“တူတာတူတာတွေကို ပေါင်းမယ်။ ဥပမာ ရထားပို့ဆောင်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျနော်တို့ တွဲလုပ်လို့ရတယ်။ အဲလိုလုပ်နိုင်အောင်လည်း အရည်ချင်းရှိတဲ့ ပုဂ္ဂိုတ်တွေကို ကျနော်တို့ ရွေးထားပြီးပြီ။ အဲတော့ ၀န်ကြီးဌာနက ၂၁၊ ၂၂ အဲလောက်ပဲ ရှိတော့မယ်။ အရင်တုန်းကလို ၃၆ ခုလည်း ရှိတော့မှာမဟုတ်တော့ဘူး။”

အခုလို ၀န်ကြီးဌာနတွေကို လျှော့ချပြီး ပေါင်းလိုက်ပေမယ့် တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအနေနဲ့ စိုးရိမ်စရာ မလိုဘူးလို့ ဆိုပါတယ်။

“အခုလို ၀န်ကြီးဌာနတွေ ပေါင်းလိုက်ခြင်းအားဖြင့် ပိုလာတဲ့ ၀န်ထမ်းတွေရှိတယ်။ သို့သော် ၀န်ထမ်းတွေက သူတို့ရဲ့ နေရာအတွက် ပူစရာမလိုဘူး။ သူတို့ကို ဘယ်နေရာ ချထားမယ်ဆိုတာ နဂိုကတည်းက စဉ်းစားထားပြီးသား။ ချထားစရာ နေရာတွေလည်း ရှိတယ်။ တခုပဲ ရှိတာက ကိုယ်မကျွမ်းကျင်တဲ့ ၀န်ကြီးဌာနကို သွားမယ်ဆိုရင်တော့ ကျွမ်းကျင်မှုရှိဖို့ သူတို့ကို သင်တန်းတွေပေးမယ်။ နယ်ပြောင်းရမယ်ဆိုရင်လည်း အပြောင်းအရွှေ့ကိစ္စတွေမှာ ကျနော်တို့ တတ်နိုင်သမျှ သက်သာအောင် ကူညီပေးမှာပါ။”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular