အမျိုးသမီးများ၏ တင်ပါးကို လိုက်ကိုင်သည့် နိုင်ငံခြားသားရုပ်သံ ထိုင်းတွင် ပျံ့နှံ့ (ရုပ်သံ)

ထိုင်းနိုင်ငံ ချောင်ဘူရီက ပတ္တရားမှာ အမျိုးသမီးတွေ တင်ပါးတွေကို လိုက်ကိုင်နေတဲ့ နိုင်ငံခြားသားတဦးရဲ့ ရုပ်သံ ထိုင်းလူမှုရေး ကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့နေပါတယ်။ အပေါ်အင်္ကျီမပါတဲ့ နိုင်ငံခြားသားတဦးဟာ လမ်းပေါ်မှာ သွားလာရင်း အမျိုးသမီးတွေရဲ့ တင်ပါး လိုက်ကိုင်နေတာကို ရိုက်ကူးထားတဲ့ ရုပ်သံကို လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်ပေါ် မတ် ၃ ရက်က တင်ခဲ့တာ ဖြစ်ပါတယ်။ “ပတ္တရားမှာ တရုတ် အမျိုးသမီး ခရီးသွားတွေကို ဒီနိုင်ငံခြားသားက နှောင့်ယှက်နေတယ်” လို့ ရေးသားပြီး အခုလို တင်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာကို  အကြိမ်ပေါင်းများစွာ တွေ့မြင်ခဲ့ရသလို မှတ်တမ်းတင်ဖို့ အတွက် အရမ်းကို နှေးကွေးခဲ့သလို ဒီတကြိမ်ကတော့ လက်ဦးမှု ရယူနိုင်ပြီလို့ ဆိုပါတယ်။ အမျိုးသမီးတွေကို လိုက်နှောင့်ယှက်နေတဲ့ နိုင်ငံခြားသားနဲ့ပတ်သက်လို့ ထိုင်းတာဝန်ရှိသူတွေက အရေးယူမှု ပြုလုပ်တာတော့ မရှိသေးပါဘူး။

More News
Up