Home
မြန်မာသတင်း
ရွှေမြန်မာလေယာဉ်ကြောင်းပိုင်လေယာဉ် မီးလောင်
DVB
·
March 4, 2016
12800181_1714387028777354_5744223580764613610_n
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကနေ ညောင်ဦးကို ထွက်ခွာမယ့် ရွှေမြန်မာ လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ ဒီနေ့မနက် ၆ နာရီခွဲခန့်က ဘီးပေါက်ပြီး လေယာဉ်တာယာမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်အတက် ပြေးလမ်းအတွင်းမှာ ဘီးပေါက်ကာ ဘီးပေါက်တဲ့အရှိန်ကြောင့် မီးပွင့်တွေထွက်လာပြီး တာယာကိုလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ လေယာဉ်ခရီးစဉ်ကိုလည်း ယာယီရွေ့ဆိုင်းထား ခဲ့ရပါတယ်လို့ ရွှေမြန်မာ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “လေယာဉ်ကလေ တာယာပေါက်သွားတာ။ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုးသွားမယ့် လေယာဉ်ပါ။ ခရီးသည်တွေတော့ ဘာမှ မဖြစ်ပါဘူး။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024