ကနေဒါတောင်ပိုင်းတွင် နှင်းမုန်တိုင်း တိုက်ခတ် (ရုပ်သံ)

ဆောင်းရာသီနှောင်းပိုင်းကို ရောက်နေပေမယ့် ကနေဒါနိုင်ငံတောင်ပိုင်းက ခရိုင်တွေကို နှင်းမုန်တိုင်းတခု မတ် ၂ ရက်က စတင် တိုက်ခတ်ခဲ့ပါတယ်။ နှင်းကျမှုက မတ် ၃ ရက်ညမှာ အထွတ်အထိပ်ကို ရောက်ပြီး အွန်ရေတီအို တောင်ပိုင်းနဲ့ ကွိဘက် ဒေသတွေကို အဆိုးရွားဆုံး တိုက်ခတ်တာပါ။ ဂရိတ်တားတိုရွန်တို ဒေသမှာ လေပြင်းတွေ တနာရီကို မိုင် ၆၀ နှုန်းကျော်အောင် တိုက်ခတ်မယ်လို့ ခန့်မှန်းထားကြောင်း စီဘီစီရုပ်သံက ဆိုပါတယ်။ ကနေဒါနိုင်ငံတွင်း နှင်းမုန်တိုင်း သတိပေးချက်ကို မွန်ထရီယယ်နဲ့ ကွိဘက် အပါအဝင် နယ်မြေအများအပြားမှာ တပ်လှန့်ထားတယ်လို့လည်း စီဘီစီက ပြောခဲ့ပါတယ်။

More News
Up