ဖီဖာရဲ့ မြန်မာဘောလုံး အဆင့်သတ်မှတ်ချက်ကျဆင်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဘောလုံးအဆင့်သတ်မှတ်ချက်မှာ မြန်မာကအရင်ကထက် တဆင့် ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဆင့် ၅ ဆင့်တက်ပြီး ကမ္ဘာ့အဆင့် ၁၅၃ နေရာမှာ ရပ်တည်နေရာ ကနေ ဒီလမှာတော့ ၁၅၄ နေရာကို ကျဆင်းသွားတာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ထိပ်ဆုံး ၅ သင်းကတော့ ဘယ်လ်ဂျီယံ၊ အာဂျင်တီးနား၊ စပိန်၊ ဂျာမနီနဲ့ ချီလီ အသင်းတွေက အဆင်လိုက်ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up