DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင် အခြေခံ ခရီးသွားလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်
DVB
·
August 5, 2011
သဘာဝပတ်ဝန်းကျင် အခြေခံ ခရီးသွားလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်
Donate to DVB

သဘာဝပတ်ဝန်းကျင် အခြေခံ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရည်အသွေး မြှင့်တင်ရေး အနေနဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ဒီလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ ရန်ကုန်က ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_13797" align="alignleft" width="310" caption="(ဓာတ်​ပံ-http://myanmartourism.org/)"][/caption]

ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ၊ စာရေးဆရာတွေက အဓိက ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ဝင် ဦးသက်လွင်တိုး က အခုလို ရှင်းပြပါတယ်။

“Eco Tourism နဲ့ ပတ်သက်တဲ့ Introduction ပြောတာတွေ ရှိတယ်။ နောက် Eco Tourism Side တွေ ဗမာပြည်မှာ ရှိတဲ့ဟာတွေကိုလည်း သစ်တောက အရာရှိတယောက် ပြောတယ်။ နောက် မိုးလေဝသ အခြေအနေကြောင့် Eco Tourism ပိုင်းတွေမှာလည်း Impact ဖြစ်စေတဲ့ အကြောင်းအရာတွေလည်း ဦးထွန်းလွင်က ပြောပါတယ်။ နောက် ကျနော်တို့ ဆရာရေးဆရာ မနုသတ္တ ကျော်ဝင်း အရင် ဒီအီး ဦးကျော်ဝင်းကလည်း တိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်တဲ့ သူတို့တွေရဲ့ Custom (ဓလေ့ထုံးစံ) တွေပေါ့နော် ဒါတွေနဲ့ ပတ်သက်လို့လည်း သူပြောပါတယ်။ Community Base Tourism ပေါ့နော်။ ကျေးရွာတွေမှာ လိုက်လေ့လာတာ အဲဒီမှာ နေတဲ့ Basic Scale နဲ့ ပတ်သက်တာတွေလည်း ပြောပါတယ်။ Tourism ကို နောက်ပိုင်း Education အပိုင်းနဲ့ လုပ်ဖို့အတွက် Guide တွေ မွေးထုတ်ဖို့။ Tour operator တွေလည်း စပါယ်ရှယ်လိုက် လုပ်နိုင်အောင် အဲဒါတွေလည်း သင်တန်းပိုင်း ဆိုင်ရာလည်း သူတို့ ပြောတယ်။”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေနဲ့ ပတ်သက်ပြီး အခြေခံ ပြည်သူတွေကို အသိပညာ လက်ဆင့်ကမ်းနိုင်ဖို့၊ အာဏာပိုင်တွေ အနေနဲ့လည်း သဘာဝ ပတ်ဝန်းကျင် အခြေခံ ခရီးသွား လုပ်ငန်းတွေအတွက် နားလည်မှု ရှိလာဖို့နဲ့ ခရီးသွား လုပ်ငန်းတွေအတွက် ရေရှည်လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ စီစဉ်ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဦးသက်လွင်တိုးက ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြား ခရီးသွားအများစုဟာ မြန်မာလူမျိုးတို့ရဲ့ လူနေမှုဘ၀ ဟန်ပန်တွေ၊ တိုင်းရင်းသား လူမျိုးတွေနဲ့ သူတို့ရဲ့ ရိုးရာဓလေ့တွေ၊ သဘာဝအလှတွေကို အဓိကထား လေ့လာ လည်ပတ်မှုတွေ ရှိနေပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် အချို့ကတော့ ခရီးသွားလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်ဆီးမှုတွေကို ကာကွယ်ဖို့ ဥပဒေတရပ် ပြဋ္ဌာန်းဖို့ အစိုးရသစ်ကို တိုက်တွန်း ပြောကြားထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013