ကြာအင်းဆိပ်ကြီးတွင် ၆ ဘီးကားတစီး တံတားအောက်ပြုတ်ကျ (ရုပ်သံ)
DVB
·
March 2, 2016
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရား ၅ ဆူရွာအ၀င် တံတားဘောင်နဲ့တိုက်မိပြီး ၆ ဘီးကားတစီး မတ်လ ၁ ရက်နေ့ ည ၁၁ နာရီမှာ တိမ်းမှောက်ခဲ့ပါတယ်။
ကျိုက်မရောမြို့နယ် တောင်ကလေးရွာဘက်မှ မောင်းနှင်လာတဲ့ ၆ ဘီးကားဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရား ၅ ဆူရွာအဝင်တံတားဘေးဘောင်ကို အရှိန်ပြင်းစွာတိုက်မိတာကြောင့် တိမ်းမှောက်သွားခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ခရီးသည်တချို့ ဒဏ်ရာအနည်းရရှိ ခဲ့ပါတယ်။
သတင်းရုပ်သံ - ရဲထွဋ်