ရန်ကုန်အပါအ၀င် ၆ မြို့တွင် မနက်ဖြန် အပူချိန်လွန်ကဲမည်
DVB
·
March 2, 2016

မနက်ဖြန် မတ်လ ၃ ရက်နေ့မှာ တပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်(very High) နဲ့ လွန်ကဲ(Extreme) အဆင့်တွေမှာ ရှိနေလိမ့်မယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီကနေ့ခင်းပိုင်း ထုတ်ပြန်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲ (Extreme) အဆင့်နေရာတွေကတော့ ကော့သောင်း၊ ထားဝယ်၊ မော်လမြိုင်၊ ဖားအံ၊ ပုသိမ်၊ ရန်ကုန်နဲ့ ပြည်မြို့တွေဖြစ်ကြပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအလွန်မြင့် (very High) အဆင့်နေရာတွေကတော့ လွိုင်ကော်၊ ကျိုင်းတုံ၊ တောင်ကြီး၊ လားရှိုး၊ မိုင်းဆတ်၊ စစ်တွေ၊ နေပြည်တော်၊ မကွေး၊ မန်းတလေး၊ မုံရွာ၊ ကလေးဝ၊ မြစ်ကြီးနားနဲ့ ပူတာအိုတို့ဖြစ်ကြပါတယ်။