DVB Logo
Home
မြန်မာသတင်း
ထိုင်း​အာဏာရပါတီ လစာတိုး​ရေး​မူဝါဒကို အ​ကောင်အထည်​ဖော်မည်
DVB
·
August 5, 2011
ထိုင်း​အာဏာရပါတီ လစာတိုး​ရေး​မူဝါဒကို အ​ကောင်အထည်​ဖော်မည်
Donate to DVB

ရွေး​ကောက်ပွဲအနိုင်ရ ထိုင်း​အစိုး​ရသစ်က ​ရွေး​ကောက်ပွဲအာမခံချက်တခုဖြစ်တဲ့​ အနိမ့်​ဆုံး​လုပ်အား​ခ ဘတ်သုံး​ရာ တိုး​ပေး​ရေး​ကိစ္စကို အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ဖို့​ ​ခြေလှမ်း​ပြင်​နေပြီး​ ဒီကိစ္စအ​ကောင်အထည်​ပေါ်တဲ့​အခါ ထိုင်း​ရောက် မြန်မာ​ရွှေ့​ပြောင်း​လုပ်သား​တွေ လစာတိုး​မြင့်​လာဖွယ်ရှိ​နေပါတယ်။

ထိုင်း​နိုင်ငံမှာ လက်ရှိအနိုင်ရ ဖုရထိုင်း​ပါတီဟာ သူ့​ပါတီက ​ကြေညာထား​တဲ့​ အနိမ့်​ဆုံး​လစာနှုန်း​ထား​ကို ဘတ် ၃၀၀ ထိ တိုး​ပေး​ရေး​ကိစ္စကို လာမယ့်​ ​အောက်တိုဘာမှာ ဒီမူဝါဒကို စမ်း​သပ်​ကောင်အထည်​ဖော်မယ်လို့​ ​မျှော်လင့်​ရပါတယ်။

အာဏာရပါတီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ်လည်း​ဖြစ် အစိုး​ရ မန်​နေဂျာလည်း​ဖြစ်တဲ့​ ဂျာရုပွန် ​ရောန်ဆူဝမ်က သူ့​ပါတီဟာ အနိမ့်​ဆုံး​ လစာတိုး​မြင့်​ရေး​ကို ဦး​ဆောင်ဦး​ရွက် လုပ်သွား​မယ့်​အ​ကြောင်း​နဲ့​ ဒီမူဝါဒကို အစိုး​ရသစ် အုပ်ချုပ်​ရေး​ သက်တမ်း​ ပထမသုံး​လအတွင်း​မှာ အ​ကောင်အထည်​ဖော်မယ်လို့​ ထိုင်း​ အန်အန်တီသတင်း​က ​ရေး​ပါတယ်။

ဒီမူဝါဒကို ပထမအဆင့်​ တာဝန်ရှိသူ​တွေနဲ့​ အများ​ပိုင်လုပ်ငန်း​တွေကို လာမယ့်​အောက်တိုဘာမှာ ချပြပြီး​ ​နောက်နှစ်အစမှာ ပုဂ္ဂလိကလုပ်ငန်း​ခွင်​တွေမှာ စတင်အ​ကောင်အထည်​ဖော်မယ်လို့​ ဆိုပါတယ်။

ပုဂ္ဂလိကလုပ်ငန်း​တွေမှာ အနိမ့်​ဆုံး​လုပ်အား​ခ လစာတိုး​မြှင့်​ရေး​ဒီမူဝါဒကို လုပ်​ဆောင်ရာမှာ အစိုး​ရ၊​ အလုပ်ရှင်နဲ့​ အလုပ်သမား​ ပူး​ပေါင်း​ဆောင်ရွက်မယ်၊​ ဒီလို သုံး​ဖက်စလုံး​ ပူး​ပေါင်း​ဆောင်ရွက်ရင် လစာတိုး​ရေး​ကိစ္စကို အ​ထောက်အပံ့​ ဖြစ်​စေမှာဖြစ်တယ်​ကြောင်း​ ခိုင်ခိုင်မာမာယုံကြည်တယ်လို့​ သူက ​ပြောပါတယ်။

ထိုင်း​အလုပ်သမား​ဥပ​ဒေအရ ဒီမူဝါဒအ​ကောင်အထည်​ဖော်တဲ့​အခါ ထိုင်း​နိုင်ငံမှာ အလုပ်လုပ်​နေတဲ့​ မြန်မာ၊​ လာအို၊​ က​မ္ဘောဒီး​ယား​နိုင်ငံသား​ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေလည်း​ ထိုင်း​အလုပ်သမား​တွေနည်း​တူ လစာတိုး​မြင့်​ခံစား​ရဖွယ် ရှိ​နေပါတယ်။

ဖူရထိုင်း​ပါတီဟာ ​ရွေး​ကောက်ပွဲမဲဆွယ်တုန်း​က အနိမ့်​ဆုံး​လုပ်အား​ခ ဘတ်​ငွေ (၃၀၀) ရဖို့​၊​ က​လေး​ငယ်​တွေကို အိတ်​ဆောင်ကွန်ပျူတာအခမဲ့​ရဖို့​နဲ့​ တက္ကသိုလ်ဘွဲ့​ရ​တွေ အလုပ်စဝင်ဝင်ချင်း​ ဘတ် (တ​သောင်း​ခွဲ အနိမ့်​ဆုံး​ရဖို့​ စတာ​တွေ ကတိပြုခဲ့​ပြီး​ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​သလို ဒီက​နေ့​မနက်မှာဘဲ ဝန်ကြီး​ချုပ်​ဟောင်း​ သက်ဆင်ရှင်နာပ်ထရာရဲ့​ ညီမငယ် ယဉ်လတ်ရှင်နာဝပ်ထရာကို ဝန်ကြီး​ချုပ်အဖြစ် ​ရွေး​ချယ်ခဲ့​ပါတယ်။

ဒီလို ကတိစကား​တွေနဲ့​အတူ တဖက်မှာလည်း​ ဒီလိုသာ အနိမ့်​ဆုံး​လစာနှုန်း​ထား​တွေကို တိုး​မြှင့်​ရင် ထိုင်း​ရဲ့​ စီး​ပွား​ရေး​ကုန်သွယ်​ရေး​ ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေအ​ပေါ် ထိခိုက်နိုင်တယ်ဆိုပြီး​ ​ပြောဆိုချက်​တွေကိုလည်း​ ရင်ဆိုင်​နေရပါတယ်။

လစာတိုး​ရေး​စီမံချက် အ​ကောင်အထည်​ပေါ်​ရေး​ကို ထိုင်း​ရောက် မြန်မာ​တွေ ကလည်း​ စိတ်ဝင်စား​နေကြပါတယ်။

မြဝတီတဖက်ကမ်း​ မဲ​ဆောက်မြို့​မှာ မြန်မာအလုပ်သမား​အ​ရေး​ ကူညီ​နေသူ ကို​အေး​က လက်ရှိမှာ​တောင် တရား​ဝင် သတ်မှတ်ထား​တဲ့​ အနိမ့်​ဆုံး​လုပ်အား​ခကို ​ရွှေ့​ပြောင်း​လုပ်သား​တွေ မရ​သေး​ဘဲ ဒီမူဝါဒ တကယ်အ​ကောင်အထည်​ဖော်ရင် ကြုံရဖွယ်ရှိတဲ့​ အခက်အခဲ​တွေကို ခုလို​ပြောပါတယ်။

“အလုပ်သမား​ဘက်က​နေ ကြည့်​မယ်ဆိုရင်​တော့​ ဝမ်း​သာစာရာ​ပေါ့​။ ဒါ ဘယ်သူပဲ ဖြစ်ဖြစ် ၃၀၀ ရတယ် ဆိုတာကလည်း​ နည်း​တဲ့​ ပိုက်ဆံမဟုတ်ဘူး​လေ။ ဒါ​ပေမယ့်​ ကျ​နော်​တွေး​တာက​တော့​ သူတို့​ ထိုင်း​လူ​တွေကို​တော့​ အလုပ်​ခေါ်​တော့​မှာ မဟုတ်ဘူး​ နံပါတ် တစ်အချက်က။ နံပါတ် နှစ်အချက်က တကယ်လို့​ ဗမာပြည်သား​တွေကို သူတို့​ ​ခေါ်မယ် ဆိုရင်​တောင်လည်း​ အဲဒီ ၃၀၀ ဆိုတဲ့​ မဲ​ဆောက်မှာ ​ပေး​ဖို့​တော့​ မရှိဘူး​။ အခု ​လော​လောဆယ်မှာ​တောင် မဲ​ဆောက်မှာ ၁၆၂ ဘတ် ​ပေး​တာ​တောင် အများ​ကြီး​ စက်ရုံ​တွေက မ​ပေး​ဘူး​လေ။ ၁၆၂ ဘတ်​တောင် မ​ပေး​ကြဘူး​ စက်ရုံ​တွေက။”

အနိမ့်​ဆုံး​လစာ ဘတ် ၃၀၀ ခံစား​ခွင့်​ကို ​ရွှေ့​ပြောင်း​အလုပ်သမား​တွေလည်း​ တန်း​တူခံစား​ခွင့်​ရှိသင့်​တယ်လို့​ ထိုင်း​အလုပ်သမား​ရေး​ရာဌာန ဒုတိယအကြီး​အကဲက အထက်ကိုတင်ပြခဲ့​ပါတယ်။

သူက ဒီ​ရွှေ့​ပြောင်း​လုပ်သား​တွေကို သုံး​ အုပ်စုခွဲပြီး​ ပထမအုပ်စုမှာ နယ်စပ်ဖြတ်​ကျော်​ရွှေ့​ပြောင်း​လုပ်ကိုင်သူ​တွေ၊​ ​နောက်တအုပ်စုက အလုပ်သမား​ ပြတ်လပ်မှုအရ အစိုး​ရချင်း​ နား​လည်မှုစာချွန်လွာအရ လုပ်ခွင့်​ရှိသူ​တွေနဲ့​ ကျန်သူ​တွေက​တော့​ မှတ်ပုံတင်မလုပ်သူ​တွေဘဲဖြစ်တယ်လို့​ သူက ​ပြောထား​ပြီး​ လက်မှတ်မလုပ်သူ​တွေကို ပြန်လည်ပို့​ဆောင်​ရေး​ကိစ္စကိုလည်း​ တင်ပြထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013