ပန်ဝါမြို့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ကလေးများ မြစ်ကြီးနားဆေးရုံရောက်

မြစ်ကြီးနားမြို့ ပန်ဝါဒေသမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ ကလေး ၂ ဦးကို တရုတ်နိုင်ငံ ထိန်ချုံးဆေးရုံမှာ ဆေးကုသမှုခံယူပြီး မတ်လ ၁ ရက်နေ့မှာ မြစ်ကြီးနားဆေးရုံကို ဆက်လက်ကုသဖို့ ရောက်လာပါတယ်။ မြစ်ကြီးနား ပန်ဝါမြို့ အောက်ဂိတ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ည ၁၂ နာရီကျော်က ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်အိမ်ခြေ ၁၀ လုံးခန့် ပျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့ ကလေး ၂ ယောက်ကို တပတ်ကျော် လောက် တရုတ်နိုင်ငံ ထိန်ချုံးဆေးရုံမှဆေးကုသပြီး ဆေးဝါးကုသ စရိတ်မတက်နိုင်တာကြောင့် မြစ်ကြီးနားဆေးရုံကို ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့်သေဆုံးသွားတဲ့ ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသူ ရဲ့မိခင်ဖြစ်သူ ဒေါ်ထုပန် ကတော့ “သူတို့အိမ်မှာတွေ မိုင်းတွေထားတယ်လို့တော့ တောတောများများ ပြောကြတာပဲ အကုန်လုံး ကျမလည်း သွားမမြင်ဖူးဘူး။ အဲ့လိုမြေအောက်ထဲမှာ မိုင်းတွေတော်တော်များများ ထည့်ထားတယ်။ အခုတောင်မှ မပေါက်သေးတာတောင် ရှိသေးတယ်လို့ပြောကြတယ်” ပြောပါတယ်။ ပေါက်ကွဲမှုကြောင့်အသက် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးတွေကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာတွေကြောင့် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပြီးကုသနေပါတယ်။  

More News
Up