ကျွန်းစုမြို့နယ် တောင်ပြိုကျေးရွာ မီးလောင်၊ အိမ်ခြေ ၄၀ ကျော် မီးလောင်ပျက်စီး
DVB
·
March 2, 2016
တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် တောင်ပြိုကျေးရွာမှာ မတ်လ ၁ ရက် ည ၁၀ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၄၃ လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
တောင်ပြိုရွာက ဦးအာဇိရဲ့နေအိမ်မှာ မီးစက်နှိုးထားရာကနေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ မြိတ်မြို့ခံ ဦးတင်ကိုကိုဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်မှ ၁ ယောက် သေဆုံးခဲ့ပြီး မြိတ်မြို့က လူမှုကူညီရေးအဖွဲ့အနေနဲ့ မီးဘေးဒုက္ခသည်တွေကို သောက်သုံးရေနဲ့ အစားအစာတွေကို သွားရောက်ကူညီဖို့ ထွက်ခွာနေပါတယ်။
တောင်ပြိုရွာဟာ မြိတ်မြို့နဲ့ ရေလမ်းခရီး တနာရီခွဲလောက် မောင်းရတယ်လို့လည်း ဦးတင်ကိုကိုဦးက ပြောပါတယ်။
ဓာတ်ပုံ - ဦးတင်ကိုကိုဦးဖေ့စ်ဘွတ်ခ်