DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ရွေးချယ်
DVB
·
August 5, 2011
ထိုင်းနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ရွေးချယ်
Donate to DVB

ထိုင်းနိုင်ငံမှာ  ၂၈ ယောက်မြောက် ၀န်ကြီးချုပ်နဲ့  တိုင်းပြည်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ်  ခွန်ယဉ်လတ်ရှင်နာဝပ်ကို  ထိုင်းပြည်သူ့ လွှတ်တော်က သောကြာနေ့ မှာ အတည်ပြု ရွေးချယ်လိုက်ပါတယ်။

[caption id="attachment_13776" align="alignleft" width="310" caption="ခွန်ယဉ်လတ်ရှင်နာဝပ (ဓာတ်ပုံ-ရိုက်တာ)"][/caption]

ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရာမှာ  ခွန်ယဉ်လတ်ဟာ  လိုအပ်တဲ့ မဲအရေအတွက် တ၀က်ကျော်ရတဲ့ အတွက် ၀န်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်တဲ့အကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဆွမ်ဆတ် ကီရာဆူလာနွတ်က ကြေညာသွားခဲ့ပါတယ်။

ခွန်ယဉ်လတ်ကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့  အမတ်အရေအတွက် ၅၀၀ ရှိတဲ့ ထိုင်းလွှတ်တော်မှာ  ထောက်ခံမဲ ၂၉၆ မဲ၊ ကန့် ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၁၉၇ မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။   ထိုင်းဘုရင်ဘူမိဘောရဲ့ အတည်ပြုချက်ရယူပြီး ရင်တော့  မစ္စယဉ်လတ်အနေနဲ့  မကြာခင်မှာ အစိုးရဖွဲ့ သစ်စာရင်းနဲ့  အစိုးရအဖွဲ့ သစ်လုပ်ကိုင်မယ့် မူဝါဒါတွေကို ကြေညာဖို့ ရှိနေပါတယ်။

တိုင်းပြည်ပြဿနာတွေဖြေရှင်းဖို့နဲ့ တခြား မူဝါဒတွေ ဆက်လက်ချမှတ်လုပ်ကိုင်ဖို့ ဒီအချိန်မှာ ပြည်သူတွေဟာ စောင့်မျှော်နေကြတာဖြစ်လို့   အစိုးရအဖွဲ့ မြန်နိုင်သမျှ အမြန်ဆုံးဖွဲ့ ဖို့ ကြိုးစားသွားမယ်လို့  ခွန်ယဉ်လတ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဇူလိုင် ၃ ရက်က ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲမှာ ယဉ်လတ် ရှင်နာဝပ်ရဲ့ ဖွေထိုင်းပါတီဟာ အဖိဆစ်ဝိချာ ချီဝခေါင်းဆောင်တဲ့ ဒီမိုကရက်ပါတီကို အပြတ်အသတ် အနိုင်ရခဲ့တာဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ယဉ်လတ်ရှင်နာဝပ်ဟာ အရင်က  စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်ပြီး  သူ့ ရဲ့ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ ၀ပ်ရဲ့  ကိုယ်ပွားဖြစ်သူ၊  နိုင်ငံရေးအတွေ့ အကြုံမရှိသူအဖြစ် ဝေဖန်ခံ နေရသူဖြစ်ပါတယ်။

ခွန်ယဉ်လတ်ကတော့  အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြန်လည် ညီညွတ်ရေးရအောင် လုပ်မယ်လို့  ကြွေးကြော်ထားပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ နှစ်နဲ့ ချီကြုံတွေ့နေရတဲ့   ထိုင်းနိုင်ငံမှာ တိုင်းပြည်ကို ပြည်လည်တည်ငြိမ်မှုရအောင် လုပ်ဖို့၊ ရွေးကောက်ပွဲမ၀င်ခင်က ကတိပေးထားတဲ့အတိုင်း အနိမ့်ဆုံး လုပ်ခလစာတွေ တိုးပေးဖို့၊ မပြေမလည် ဖြစ်နေတဲ့ ထိုင်း- ကမ္ဘောဒီယားနယ်စပ် ပြဿနာကို ဆက်လက် ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လူအများ တိုက်တွန်းနေတဲ့ အတိုင်း အစ်ကိုဖြစ်သူ သက်ဆင်ရဲ့ ဩဇာလောင်းရိပ်အောင်က လွတ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ဖို့ စတဲ့စိန် ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့တွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013