A d v e r t i s e m e n t With Us

ထိုင်း​အစိုး​ရအဖွဲ့​သစ်နဲ့​ မြန်မာ့ဆက်ဆံ​ရေး​ ဘယ်လိုရှိလာနိုင်မလဲ

စာ​ရေး​ဆရာ စိုး​နေလငျး
ထိုင်း​ပါလီမန်အစည်း​အ​ဝေး​က​နေ ​ဖွေထိုင်း​ပါတီက ယဉ်လတ် ရှင်နာဝပ်ထရာကို ထိုင်း​နိုင်ငံရဲ့​ ပထမဆုံး​ အမျိုး​သမီး​ဝန်ကြီး​ချုပ်အဖြစ် ​ရွေး​ချယ်တင်​မြှောက်လိုက်ပါတယ်။ [caption id="attachment_13773" align="alignleft" width="310" caption="စာ​ရေးဆရာ စိုးနေလင်း​ "][/caption] ယဉ်လတ် ဦး​ဆောင်တဲ့​ ထိုင်း​အစိုး​ရအဖွဲ့​သစ်အ​နေနဲ့​ မြန်မာပြည်နဲ့​ဆက်ဆံ​ရေး​ဘယ်လိုရှိလာနိုင်မလဲ၊​ ထူး​ခြား​တဲ့​ဆက်ဆံ​ရေး​သစ်​တွေ ရှိလာနိုင်မလား​၊​ ထိုင်း​နိုင်ငံရဲ့​ ပထမဆုံး​ အမျိုး​သမီး​ဝန်ကြီး​ချုပ်က မြန်မာ့​အ​ရေး​ ပို​ဆောင်ရွက်လာဖို့​ရှိမလား​ဆိုတာ ထိုင်း​နိုင်ငံ၊​ နိုင်ငံ​ရေး​အ​ခြေအ​နေ သတင်း​နဲ့​သတင်း​ဆောင်း​ပါး​တွေကို မျက်ခြည်မပြတ် ဖတ်ရှု​ရေး​သား​နေတဲ့​ စာ​ရေး​ဆရာ စိုး​နေလင်း​ကို ​မေး​မြန်း​ထား​ပါတယ်။ ဒီ​နေ့​ ထိုင်း​နိုင်ငံရဲ့​ ၂၈ ​မြောက်ဝန်ကြီး​ချုပ်​ပေါ့​နော်။ ​ဖွေထိုင်း​ပါတီက ယဉ်လတ်။ သူ့​ရဲ့​အစ်ကိုဖြစ်တဲ့​ သက်ဆင် ဝန်ကြီး​ချုပ်ဘဝတုန်း​က​တော့​ မြန်မာနိုင်ငံနဲ့​ ဆက်ဆံ​ရေး​က အထူး​ကောင်း​မွန်ခဲ့​တာ ​တွေ့​ရပါတယ်။ အခု ယဉ်လတ်ဝန်ကြီး​ချုပ်ဖြစ်လာပြီး​တော့​ သူ့​အစိုး​ရအဖွဲ့​ တက်လာပြီး​နောက်ပိုင်း​မှာ မြန်မာနဲ့​ ပတ်သက်ပြီး​တော့​ နိုင်ငံ​ရေး​ပိုင်း​မှာ ဘယ်လို​ပြောင်း​လဲမှု​တွေ ရှိနိုင်လဲ။ ဒါမှမဟုတ် ဆက်ဆံ​ရေး​ ဆက်​ကောင်း​သွား​နိုင်လား​ အဲဒါ အရင်ဆုံး​ သုံး​သပ်​ပေး​ပါခင်ဗျ။ “ထိုင်း​ဟာ ဗမာနိုင်ငံနဲ့​ စီး​ပွား​ရေး​အရ မလွှဲမ​ရှောင်သာ ဆက်ဆံရတဲ့​ နိုင်ငံ ဖြစ်​နေတယ်။ သူ့​အ​နေနဲ့​ အဓိက ရယူ​နေရတဲ့​ လျှပ်စစ်စွမ်း​အား​ ကိစ္စကလည်း​ ဗမာပြည်က သဘာဝဓာတ်​ငွေ့​ကို အဓိက မှီရတာဖြစ်​တော့​ သူက ဆက်ဆံ​ရေး​ပြေလည်မှ ဖြစ်မယ်။ ပြီး​တော့​ သူတို့​ဆီမှာလည်း​ ဗမာအစိုး​ရနဲ့​ စီး​ပွား​ရေး​ ဆက်ဆံမှုကို ပိုပြီး​တော့​ တိုး​ချဲ့​ဖို့​ ​ရွေး​ကောက်ပွဲမတိုင်ခင်ကတည်း​က လုပ်​နေတဲ့​ ​ခြေလှမ်း​တွေပါ။ ဥပမာ မဲ​ဆောက်ဆိုရင် သူတို့​ အထူး​စီး​ပွား​ရေဇုန် လုပ်ပြီး​တော့​ မြန်မာဘက်ခြမ်း​နဲ့​ ကုန်သွယ်မှု​တွေ တိုး​တက်ဖို့​ တိုး​ချဲ့​လုပ်​နေတယ်။ တပြိုင်နက်တည်း​မှာ ဇင်း​မယ် တာချီလိတ်ဘက်မှာလည်း​ သူတို့​ ကူး​သန်း​ရောင်း​ဝယ်မှု​တွေ တိုး​ချဲ့​ပြီး​တော့​ လုပ်ကိုင်​နေတယ်။ ဒီဘက်က ပိတ်ထား​တဲ့​အချိန် ဟိုဘက်ကို အများ​ကြီး​ ဟထား​ပြီး​တော့​ လုပ်ကိုင်​ဆောင်ရွက်​နေတာ သွား​တွေ့​ရတယ်။ တဖက်မှာကျ​တော့​လည်း​ ထိုင်း​က ဒီမိုကရက်တစ်နိုင်ငံတခု ဖြစ်သလို စီး​ပွား​ရေး​သမား​တွေ၊​ ​ကော်ပို​ရေး​ရှင်း​ကြီး​တွေ ကုန်သည်လုပ်ငန်း​ရှင်ကြီး​တွေက အတိုင်း​အတာ တခုအထိသူတို့​အ​ပေါ်မှာ ဩဇာလွှမ်း​မိုး​မှု ရှိတယ်။ နယ်စပ်ဂိတ်​တွေ ပိတ်ထား​တဲ့​ ကိစ္စနဲ့​ ပတ်သက်ပြီး​ သူတို့​က ပြန်ဖွင့်​ရေး​ကို အစိုး​ရကို ဖိအား​ပေး​တယ်။ တဖက်မှာကလည်း​ ထိုင်း​ community က သူ့​ကို ဖိအား​ပေး​တယ်။ ဖိအား​ပေး​တဲ့​အခါကျ​တော့​ အစိုး​ရသစ်က မလွှဲမ​ရှောင်သာ မြန်မာအစိုး​ရနဲ့​ ​ပြေလည်​အောင် အတိုင်း​အတာ တခုအထိ​တော့​ လိုက်​လျှောခွင့်​ပြုရမှာပဲ။” အခု ယဉ်လတ်အစိုး​ရနဲ့​ အရင် အဖီဆစ်​ခေါင်း​ဆောင်တဲ့​ ဒီမိုကရက်တစ်နဲ့​ မြန်မာနဲ့​ဆက်ဆံတဲ့​အပိုင်း​မှာ အဓိက ကွာခြား​ချက် ကြီး​ကြီး​မား​မား​ ရှိနိုင်လား​။ “ကျ​နော် မြင်တာက​တော့​ ကွာခြား​ချက် ကြီး​ကြီး​မား​မား​ မရှိနိုင်​လောက်ဘူး​။ အများ​အား​ဖြင့်​က​တော့​ နိုင်ငံခြား​ရေး​မူဝါဒဆိုတာကို ​ပြောင်း​လဲသွား​တဲ့​ ဝန်ကြီး​ချုပ်က ချက်ချင်း​ပြောင်း​လဲလို့​ မရနိုင်ဘူး​လေ။ ချထား​တဲ့​အတိုင်း​ပဲ ဆက်လုပ်ကြတာ။ ကျ​နော်တို့​ ဒီမိုကရက်​တွေ အဖီဆစ်အာဏာရတဲ့​အချိန်မှာ ​မျှော်လင့်​ခဲ့​တယ်။ ဒီမိုကရက်တစ်ဖြစ်တဲ့​အခါကျ​တော့​ အဖီဆစ်က ပညာရှင်ဆိုပြီး​တော့​ တက်လာတာ ဖြစ်တယ်။ ရှင်း​ရှင်း​ပြောရရင် သူ့​မိသား​စုက ပညာရှင်မိသား​စု စီး​ပွား​ရေး​သမား​တွေ မဟုတ်ကြဘူး​။ ​နောက် ဒီမိုကရက်​တွေ ဖြစ်​နေတယ်။ ​နောက် သူ့​ကို အကြံ​ပေး​ဖြစ်တဲ့​ မစ္စတာချူလီပိုင် ကိုယ်တိုင်က သူ ဝန်ကြီး​ချုပ်ကာလမှာတုန်း​က မြန်မာအစိုး​ရနဲ့​ ဆက်ဆံမှုကို ​တော်​တော်ကြီး​ ထိန်း​သိမ်း​ထား​ခဲ့​တာ ​တွေ့​ရတယ်။ ဘယ်လို​ခေါ်မတုန်း​ မြန်မာအစိုး​ရ စစ်အစိုး​ရကို သ​ဘောမ​တွေ့​တဲ့​ လက္ခဏာရှိတယ်။ ပြီး​တော့​ သူ့​ကိုလည်း​ ဒီအတိုင်း​ပဲ ကျ​နော်တို့​ ​မျှော်လင့်​ခဲ့​ပါတယ်။ တကယ်တမ်း​ကျ​တော့​ အဖီဆစ်က မြန်မာ အစိုး​ရကို လုံ​လောက်တဲ့​ ဖိအား​ပေး​မှုမျိုး​တွေ သို့​မဟုတ် ဒီဘက်က ဒီမိုက​ရေစီ အင်အား​စု​တွေဘက်ကို အတိုင်း​အတာတခုအထိ အခွင့်​အ​ရေး​ပေး​တဲ့​ သ​ဘောမျိုး​တွေ သိပ်ရှိမလာခဲ့​ဘူး​။ ​နောက် အာဆီယံလို ​နေရာမျိုး​မှာ မြန်မာအစိုး​ရကို ​ဝေဖန်တဲ့​ သ​ဘောမှာ​တောင်မှ သူ့​အ​နေနဲ့​ အင်မတန် အား​ပျော့​တယ်လို့​ ကျ​နော်က​တော့​ မြင်တယ်။ အား​ပျော့​တယ်ဆိုတာက စကား​လုံး​တောင်မှ သူ ​ရွေး​ပြီး​တော့​ သုံး​နေရတာ သွား​တွေ့​ရတယ်။ ဆို​တော့​ အဖီဆစ်က ထင်သ​လောက် ကျ​နော်တို့​ မြန်မာပြည်အတွက် နိုင်ငံ​ရေး​အရ ​ပြောမယ်ဆိုရင်​တော့​ မလုပ်နိုင်ပါဘူး​။ တဖက်က စီး​ပွား​ရေး​က လုပ်တာကလည်း​ စီး​ပွား​ရေး​ လုပ်သလို လုပ်တာမဟုတ်ဘူး​။ ယဉ်လတ် တက်လာတဲ့​အခါမှာ အဖီဆစ်ထက် တိုး​တက်ချင်တယ်ဆိုရင် ကျ​နော်ထင်တယ် သိပ်ထူး​ထူး​ခြား​ခြား​တော့​ သိပ် ကွာဟနိုင်မယ့်​ အလား​အလာ မရှိပါဘူး​။” နောက်တပိုင်း​က အမျိုး​သမီး​ဝန်ကြီး​ချုပ် ဖြစ်လာ​တော့​ ​လော​လောဆယ် ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ပြည်တွင်း​မှာ သူတတ်နိုင်တဲ့​ အတိုင်း​အတာထဲက လှုပ်ရှား​နေ​တော့​ ယဉ်လတ်ကများ​ မြန်မာ့​ ဒီမိုက​ရေစီအ​ရေး​ ပိုပြီး​ စိတ်ဝင်တစား​ ပါဝင်ပူး​ပေါင်း​ပြီး​တော့​ ​ဆောင်ရွက်မယ့်​ အလား​အလာမျိုး​ရော မြင်ရလား​။ “အဲဒါက​တော့​ ဖြစ်​ကောင်း​ဖြစ်နိုင်ပါတယ်။ ​ရွေး​ကောက်ပွဲအကြိုကာလမှာလည်း​ ​ဖွေထိုင်း​ပါတီကို နိုင်ငံ​ရေး​အကဲခတ်​တွေက ​ပြောကြား​တာ​ရော၊​ တချို့​ပြည်သူလူထု ဆီက​နေ တဆင့်​ ကျ​နော်တို့​ စစ်တမ်း​ကောက်ယူမှု အရ​ရော မြန်မာအစိုး​ရနဲ့​ ဆက်ဆံတဲ့​ ဆက်ဆံ​ရေး​ကို သူ ​ပြောင်း​လဲသွား​အောင် သို့​မဟုတ် အတိုင်း​အတာ တခုအထိ တိုး​တက်လာ​အောင် လုပ်နိုင်မယ်လို့​ သူ ​ပြောထား​တယ်​လေ။ ​နောက်တခုက အထူး​သဖြင့်​ သူကိုယ်တိုင်ကလည်း​ ​ဖွေထိုင်း​ကလည်း​ နှစ်​ပေါင်း​များ​စွာ အတိုက်အခံအဖြစ်က​နေ လာခဲ့​တဲ့​ ပါတီပဲ။ ဆို​တော့​ အဲဒီကာလအတွင်း​မှာ သူက တဖက်က အုပ်စိုး​သူအစိုး​ရနဲ့​ ဗမာနဲ့​ ဆက်ဆံ​ရေး​ တည်ငြိမ်​နေတယ်တဖက်မှာလည်း​ မလွှဲမ​ရှောင်သာ သူတို့​ လက်ခံထား​ရတဲ့​ မြန်မာအတိုက်အခံ အင်အား​စု​တွေ ဒီမှာရှိ​နေတယ်၊​ ဘယ်လို​နေကြတယ်၊​ဘယ်လိုထိုင်ကြတယ် သူတို့​ ဒါ​တွေ အကုန်လုံး​ သိ​နေတယ်။ ကျ​နော် ဆိုလိုချင်တာက ယဉ်လတ်က နိုင်ငံ​ရေး​အရ အ​တွေ့​အကြုံနည်း​သေး​ပေမယ့်​ သူ့​ပါတီအရ ​ပြောမယ်ဆိုရင်​တော့​ အ​တော်ရှည်လျား​တဲ့​ အတိုက်အခံ ဖြစ်ခဲ့​တာ။ သူ နား​လည်နိုင်မယ်လို့​ ယူဆတယ်။ ​နောက်တခုက သူကလည်း​ ပထမဆုံး​ အမျိုး​သမီး​ ဝန်ကြီး​ချုပ် ဖြစ်လာတယ်။သူတို့​ချင်း​ကို ကျ​နော် ထင်တယ် နား​လည်မှု ရှိလိမ့်​မယ် ထင်တယ်​လေ။ ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ သူ့​ကို ​ရွေး​ကောက်ပွဲအနိုင်ရပြီး​တာနဲ့​ လိုချင်တဲ့​ အချက်​တွေ ​ပြောခဲ့​တယ်။ မြန်မာဒုက္ခသည်​တွေ အ​ပေါ်မှာ ကြင်ကြင်နာနာနဲ့​ ဆက်ဆံဖို့​ အ​ရေး​ကြီး​ပါတယ် နား​လည်ဖို့​ အ​ရေး​ကြီး​ပါတယ်။ သူတို့​တ​တွေက မလွှဲမ​ရှောင်သာလို့​ ​ရောက်​နေတာလို့​ ​ပြောထား​တယ်။ ဒါကိုလည်း​ သူတို့​ သိထား​တယ်။ ဒီ​တော့​ ကျ​နော် ထင်ပါတယ် ယဉ်လတ် အစိုး​ရအဖွဲ့​အသစ်ဟာ သူ့​ ဘယ်လို​ခေါ်မလဲ လုပ်ချင်တိုင်း​တော့​ လုပ်လို့​မရတာ ​သေချာတယ်။ ပြီး​တော့​ သူ့​အ​နေနဲ့​ တဖက်မှာ သင်ခန်း​စာ​တွေ ရှိခဲ့​တယ်။ တဖက်မှာလည်း​ အတိုက်အခံ​တွေက ရှိတယ်။ ​နောက် ​ရွေး​ချယ်တင်​မြှောက်ခံရ​ပေမယ့်​လို့​ အတိုင်း​အတာ တခုအထိ ဆန့်​သွား​နိုင်​အောင် သို့​မဟုတ် ပြဿနာရှာနိုင်တဲ့​ အင်း​အား​စုကြီး​ကလည်း​ ရှိတယ်။ ဒါ ကလည်း​ သူတို့​ကို ​စောင့်​ကြည့်​နေတာ။ သူ့​အ​နေနဲ့​ ရှင်း​ရှင်း​ပြောရရင်​တော့​ သိပ်ပြီး​တော့​ သူ ဖြုတ်ချင်တိုင်း​ တဦး​တည်း​အ​နေနဲ့​ လုပ်လို့​တော့​ မရနိုင်ဘူး​။” ဆိုလိုတာက ယဉ်လတ်က ကျ​နော်တို့​ နိုင်ငံအ​ရေး​ထက် သူ့​ပြည်တွင်း​မှာကို သူ့​နိုင်ငံ​ရေး​ပြဿနာကို သူအရင်ရှင်း​ရမယ့်​ သ​ဘော​တွေ့​နေရတယ်လို့​ ဆိုလိုတာလား​။ “ဟုတ်ပါတယ်။ အခု​လော​လောဆယ် သူက အဲဒီဟာ​တွေကို ကိုင်တွယ်မယ့်​ အချိန်မဟုတ်​သေး​ဘူး​လေ။ ​လော​လောဆယ် ​ဖြေရှင်း​ရမယ့်​ ပြဿနာ​တွေက သူ့​ နိုင်ငံ​ရေး​ အတွင်း​ပဋိပက္ခ​တွေ ​ဖြေရှင်း​ရမယ်။ ကျ​နော်တို့​ဆီမှာ​တော့​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​ပေါ့​ဗျာ။ သူ့​နိုင်ငံအတွင်း​မှာ နိုင်ငံ​ရေး​ပြန်လည် သင့်​မြတ်​ရေး​တွေ သူတို့​ လုပ်ဖို့​ လိုအပ်​နေတယ်။ ​နောက်တခုက ​တွေ့​နေတဲ့​ ပြဿနာက သူတို့​နဲ့​ က​မ္ဘောဒီး​ယား​ နယ်စပ်မှာ ဖြစ်​နေတဲ့​ ဘုရား​ကျောင်း​ ပြဿနာ ဒါကိုလည်း​ သူတို့​ ပြဿနာတက်​နေတယ်။ ​တောင်ပိုင်း​မှာ ရှိ​နေတဲ့​ ခွဲထွက်​ရေး​ ကိစ္စ​တွေ အရင်ဆုံး​ ဒါ ဦး​စား​ပေး​ စဉ်း​စား​ရမယ့်​ ကိစ္စ။ ရှင်း​ရှင်း​ပြောရရင်​တော့​ ကျ​နော်တို့​ဘက်ကို စဉ်း​စား​ဖို့​က ​နောက်ပိုင်း​မှာ စဉ်း​စား​လာမယ်​ပေါ့​။”    

A d v e r t i s e m e n t With Us

More News
Up